The Closet FHD

The Closet

Horror Thriller FHD 2020-02-05 7.2 98 Min

ဒီတစ်ခါမှာတော့ Horror, Thriller အမျိုးအစား ကြိုက်သူများအတွက် ၂၀၂၀ ထွက် ကိုရီးယားဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းလေးကတော့လွန်ခဲ့တဲ့တစ်နှစ်ကကားအက်ဆီးဒင့်ကြောင့်ဇနီးဖြစ်သူဆုံးပါသွားပြီးတဲ့နောက်ယုံးဆန်းဝန်းဟာ အင်နာဆိုတဲ့၁၁နှစ်အရွယ်သမီးလေးနဲ့ အဖေတစ်ခုသမီးတစ်ခုဖြစ်ခဲ့ရပါတယ်…အလုပ်ဇောကပ်လွန်းတာကြောင့်ရော ဇနီးရဲ့သေဆုံးခဲ့တဲ့အဖြစ်ပျက်ကနေမရုန်းထွက်နိုင်တာကြောင့်ရောpanic disorderဖြစ်ပြီး ဆရာဝန်နဲ့ဆေးကုသမှုခံယူနေရတဲ့ယုံဆန်းဝန်းတစ်ယောက်တစ်နေ့မှာ သမီးဖြစ်သူအင်နာအိမ်ထဲမှာနေရင်း ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်…တစ်လကြာပျောက်ဆုံးနေခဲ့တဲ့ကလေးတစ်ယောက်က အသက်ရှင်သေးရဲ့လား ?အင်နာ ပျောက်ဆုံးသွားရတဲ့နောက်ကွယ်ကအကြောင်းရင်းက ဘာဖြစ်လိမ့်မလဲ ?