Made နဲ့ Niluh က ငယ်ငယ်ကတည်းကခင်ခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး Niluh က Made အပေါ် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေ ရှိနေခဲ့တယ်။ဒါပေမဲ့ Made မှာသူတိုရုပ်သေးဆရာမိသားစုတွေရဲ့ ရိုးရာအရ ငယ်ငယ်လေးကတည်းက စေ့စပ်ထားတဲ့ Putu ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပြီး အဲဒီကောင်မလေးကတော့ Made အပေါ် Niluh လောက်ဂရုစိုက်ကြင်နာမှုမရှိခဲ့ဘူး။Niluh ရဲ့ ခံစားချက်တွေကို သတိမထားမိခဲ့တဲ့ Made တစ်ယောက် နောက်ဆုံးမှ Niluh သူ့ကိုသဘောကျနေမှန်းသိလာရတဲ့အခါ သူသံယောဇဉ်တွယ်နေတဲ့မိန်းကလေးနှစ်ယောက်ကြား သူ့ရဲ့နှလုံးသားကဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာကိုတော့ ဒီဆယ်ကျော်သက် အချစ်ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။