Through Rocks and Clouds HD

Through Rocks and Clouds

Drama Family HD 2024-07-04 10 83 Min

မက်ကိုက ဖဲကစားတာကြိုက်တဲ့လူဖြစ်ပြီး သူ့မှာ ဇာရီးဆိုတဲ့ သားချောလေးတစ်ယောက်ရှိပါတယ်။ သူ့အဖေမှာ ဘိလပ်မြေစက်ရုံရှိပေမဲ့ ဒါးဒန်ဆိုတဲ့လူကိုရောင်းပစ်လိုက်ပြီး မက်ကို့ ကိုလည်းတစ်ပြားမှမပေးပါဘူး။ သူ့အဖေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရပါတယ်။မက်ကိုက ရုရှဘက်ကလာတဲ့ ဒီဇယ်တွေကိုမှောင်ခိုဝယ်ဖို့ပိုက်ဆံလိုလို့ သူ့အဖေရဲ့ငယ်ချင်း ဂါဂါဆီမှာသွားချေးပါတယ်။ သူ့အဖေရဲ့ ကျေးဇူးရှိတယ်ဆိုပြီး ဂါဂါကချေးလိုက်ပါတယ်။ ဂါဂါ့မှာ မိန်းမယူခိုင်းလို့မရတဲ့ ဂျူနီယာဂါဂါဆိုတဲ့ မြေးတစ်ယောက်ရှိပါတယ်။ဒါးဒန်က ဘူလ်ဂေးရီးယားအကောက်ခွန်အရာရှိတွေနဲ့သိလို့မက်ကိုကရှယ်ယာထည့်ခိုင်းရင်းသွားအကူညီတောင်းတော့ဒါးဒန်က သဘောတူလိုက်ပါတယ်။တကယ် နယ်စပ်ကနေဖြတ်ပြီး ရထားလည်းရောက်ရောမက်ကိုအိပ်ဆေးခပ်ခံရပြီး ဒီဇယ်တွေအတွက် ချေမယ့်ငွေကိုလည်းအလုခံလိုက်ရပါတယ်။ ဒါးဒန်ကမက်ကို့ကိုအကြွေးပြန်တောင်းပါတယ်။မပေးနိုင်ရင် မက်ကို့သားနဲ့ သူ့ညီမ အက်ဖရိုဒစ်တာလက်ထပ်ပေးရမယ်အတင်းသဘောတူခိုင်းတာနဲ့ လက်ထပ်ပွဲကိုအမြန်စီစဥ်ကြပါတယ်။ အက်ဖရိုဒစ်တာက ပုလွန်းသေးလွန်းတယ်ဆိုပြီး ယောကျာ်းတွေကမယူလို့အပျိုကြီးဖြစ်နေတာကိုဒါးဒန်ကစိတ်ညစ်နေပါတယ်။မက်ကို့သား ဇာရီးက ချစ်သူကောင်မလေးရသွားပြီး အက်ဖရိုဒစ်တာကိုလက်မထပ်နိုင်ဘူးလို့ ပြောပါတယ်။ ငှက်မလေး အက်ဖရိုဒစ်တာကလည်း သူချစ်တဲ့သူကိုပဲ လက်ထပ်ချင်တယ်ဆိုပြီးကန့်ကွက်လဲလက်ထပ်ပွဲကို အတင်းစီစဥ်ကြပါတယ်။မင်္ဂလာဆောင်မစခင် ဇာရီးရဲ့အဘိုးက သေသွားပါတယ်။ အိမ်တစ်အိမ်မှာမိသားစု တစ်တစ်ယောက်သေရင်မဂ်လာဆောင်ကိုနောက်ဆုတ်ကျင်းပရတဲ့ ထုံးစံရှိလို့ ဒါးဒန်က မက်ကို့ကို အဘိုးကြီးရဲ့အလောင်းကို ခဏဝှက်ထားခိုင်းပါတယ်။မင်္ဂလာပွဲမှာ ဇာရီးနဲ့ အက်ဖရိုဒစ်တာညှိပြီးသတို့သမီးက ထွက်ပြေးတော့သူ့အကိုနဲ့တပည့်တွေကလိုက်ဖမ်းပါတယ်။အက်ဖရိုဒစ်တာဘာဆက်ဖြစ်မလဲ။ ဒါးဒန်နဲ့မက်ကိုဝှက်ထားတဲ့အဘိုးကြီးရဲ့အလောင်းဘာဖြစ်မလဲ။ထင်မထားတဲ့လှည့်ကွက်ကဘာလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။