Greta FHD

Greta

Drama Thriller Mystery FHD 2019-02-28 6.573 98 Min

အထီးကျန်ခြင်းဆိုတာ ခံစားချက်တွေထဲမှာ အဆိုးဆုံးတွေထဲက တစ်ခုပါ။အကြောင်းမျိုးမျိုးကြောင့် အထီးကျန်တတ်ကြပြီးအထူးသဖြင့် အသက်အရွယ်ကြီးမြင့်တဲ့အခါတွေ အဖြစ်များလာတတ်ပါတယ်။တစ်ချို့ကလည်း လွတ်မြောက်ရာနည်းလမ်းကို ရှာဖွေတွေ့ရှိကြသလိုကံဆိုးတဲ့တစ်ချို့ကလည်း အထီးကျန်မှုကြောင့်မဖြစ်သင့်တာတွေ ဖြစ်လာခဲ့ရပါတယ်။ဒီဇာတ်ကားလေးရဲ့ အညွှန်းကတော့ ယောက်ျားလည်းဆုံးသမီးလည်းသေဆုံးခဲ့လို့ အထီးကျန်နေတဲ့ အမျိုးသမီးကြီးတစ်ဦး…နယ်ကလာပြီး မြို့ပေါ်မှာ သူငယ်ချင်း တစ်ယောက်နဲ့အတူနေပြီးအလုပ်လာလုပ်နေတဲ့ မိတဆိုး ကောင်မလေးတစ်ယောက်…ရထားပေါ်က ပိုင်ရှင်မဲ့ အစိမ်းရောင် လက်ကိုင်အိတ်တစ်လုံး….ဒီအရာတွေ အားလုံးပေါင်းစပ်လိုက်တော့ထိတ်လန့်သည်းဖိုဆိုက်ကိုဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ကြည့်ရှုအားပေးကြပါဦး