ဒီ Motherhood ဆိုတဲ့ ဇာတ်လမ်းကတော့ Kanae Minato ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့“Bosei” ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ဆာယာကဆိုတဲ့ ကျောင်းသူလေးရဲ့ မိခင်ဖြစ်သူ ရူမီကို..ရူမီကိုဟာ ဆာယာကငယ်စဉ်အချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင်မသင်ပေးဘဲ ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူကြီးတွေ စိတ်ချမ်းသာအောင်၊လူကြီးတွေ ကျေနပ်အောင်နေထိုင်တတ်ဖို့ပဲသင်ကြားပေးခဲ့ပါတယ်။တစ်ဖက်လူကို ဘယ်လိုချစ်ပေးရမှန်းမသိသလို ချစ်ပုံချစ်နည်း မှားယွင်းခဲ့တာပေါ့။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆာယာကဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။သူဘာလို့သတ်သေရလဲဆိုတာကိုတော့ ဘယ်သူမှ မသိသလို ဖော်လည်း မဖော်ထုတ်နိုင်ခဲ့ပါဘူး…မချစ်တတ်တဲ့ မိခင်ဖြစ်သူနဲ့ အချစ်ငတ်နေတဲ့ သမီးဖြစ်သူတို့ရဲ့ကြားက ချစ်ခြင်းမေတ္တာတွေ၊ပဋိပက္ခတွေ၊နာကျင်မှုတွေကို နောက်ကြောင်းပြန် Flashback ပုံစံမျိုးနဲ့ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အတွေးတွေများစေမဲ့ ဇာတ်ကားလေးမို့လို့ ကြည့်ကြည့်လိုက်ပါဦး။