ဖိလစ်ပိုင်မင်းသားချော Paulo Avelinoနဲ့ မင်းသမီး Kim Chiuတို့ရဲ့ အသစ်စက်စက်ဖိလစ်ပိုင်ဇာတ်လမ်းလေးကို CM ပရိသတ်တို့ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပါပြီ။ရယ်စရာအလွဲလေးတွေနဲ့အခွီတစ်လိုင်းလေးတွေလည်းပါသလို ဒရာမာscene လေးတွေလည်းပါတာမလို့ တစ်နေ့တာ ဘဝအမောတွေဖြေဖျောက်ဖို့ ရွေးသင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ကြောင်းညွှန်းရင်းနဲ့ပဲဇာတ်လမ်းလေးအကြောင်းကိုရှေ့ဆက်လိုက်ကြပါဦးစို့။ငယ်ငယ်ထဲက အကြောက်အလန့်မရှိတဲ့ ဆာရီဟာ ကလေးဘဝထုံးစံအတိုင်းပဲ အကြောက်တရားကိုသင်ယူရဖို့ဖြစ်လာပါတော့တယ်။ အဲဒါကတော့အချစ်ဆိုတဲ့အရာကို နားမလည်ခင်ကတည်းကသူချစ်မိတဲ့ယောက်ျားတိုင်း ပျောက်ကွယ်သွားမယ်ဆိုတဲ့ ကျိန်စာတိုက်ခံလိုက်ရတာပါပဲ။ပထမတော့ ယုံသလို မယုံသလို ဖြစ်နေပေမဲ့ တကယ်ပဲကျိန်စာကြောင့်လား ကံတရားကပဲတိုက်ဆိုင်လွန်းတယ်ပဲဆိုရမလား ဆာရီကြိုက်သမျှ ဘဲတွေအကုန် ပျောက်ချင်းမလှပျောက်ကုန်ကြတာပါပဲ။ ဒါကပဲ ဆာရီကို ကျိန်စာအပေါ် ယုံကြည်သွားစေပြီးတစ်ယောက်တည်းနေတတ်ဖို့ လေ့ကျင့်ရတဲ့ဆီရောက်သွားတော့တာပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းနေတတ်သွားတာဟာတစ်ယောက်တည်းနေချင်တာမဟုတ်ဘူးဆိုတာကို ဆာရီရဲ့အိမ်ရှင်အဘွားရယ်မီကတော့ ကောင်းကောင်းသိပါတယ်။ဒီလိုနဲ့ အဘွားရယ်မီဆုံးသွားပြီးတဲ့နောက်မှာ အဘွားပိုင်တဲ့ တဟာနန်အိမ်ရာဝင်းကြီးကို အမွေဆက်ခံဖို့အဘွားမြေး ဒီပရက်ရှင်ကောင်ဇိုးလေးဂျိုလိုတစ်ယောက် ဆာရီရဲ့ဘဝထဲကို ဝင်လာချိန်မှာတော့…ကျိန်စာသင့်နေတဲ့အချစ်ကြောင့် ချစ်မိမှာကြောက်နေတဲ့ဆာရီနဲ့ မင်္ဂလာပွဲမှာ ချစ်သူကထားရစ်ခဲ့လို့လောကကြီးကနေပျောက်ကွယ်သွားချင်နေတဲ့ ဂျိုလိုတို့ကြား ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။