1993 ခုနှစ်ထွက် မင်းသားကြီး Jet Li ရဲ့ The Legend ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးပါရစေ။ဖုန်းအိမ်က သခင်လေး ဖုန်းဆိုင်ရွတ်ဟာ သူ့သူငယ်ချင်းလေးတွေနဲ့အတူ အနိုင်ကျင့်တဲ့သူတွေကိုသိုင်းပညာနဲ့တစ်ကွက်ပြရင်း ထင်ထင်ဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ ထင်ထင်ဆိုတဲ့ ကောင်မလေးက တကယ်တော့ ပြည်သူတွေကို အနိုင်ကျင့်ခြယ်လှယ်နေတဲ့ ကျားကြီးလုရဲ့တစ်ဦးတည်းသော သမီးပါ။ တစ်နေ့မှာ ကျားကြီးလုက ဖုန်းဆိုင်ရွတ်တို့မြို့မှာ သိုင်းပြိုင်ပွဲကျင်းပပြီး “အနိုင်ရရှိတဲ့သူ သူ့သမီးယူ” ဆိုပြီး သိုင်းပညာတတ်တဲ့ သူ့မိန်းမနဲ့ရင်ဆိုင်ခိုင်းတဲ့အခါ…တစ်ဖက်မှာ ဖုန်းဆိုင်ရွတ်ဖခင်က မန်ချူးဘုရင် ချင်းလုံဧကရာဇ်ကို ဆန့်ကျင်တဲ့ ပန်းနီနီအဖွဲမှာ အတွင်းကျကျပါဝင်နေပြီး သေမင်းခံတွင်းဝမှာ လမ်းလျှောက်နေတဲ့အခါ…ဖုန်းဆိုင်ရွတ်တို့ဆူးခင်းတဲ့အချစ်ဇာတ်လမ်းကို ဘယ်လိုကပြခင်းကျင်းသွားမလဲ? အဆုံးသတ်မှာ ချစ်သူနဲ့ညားနိုင်မလားဆိုတာကိုတော့ ဂျက်လီရဲ့ထုံးစံ သိုင်းကွက်အလှအပတွေနဲ့ The Legend ဇာတ်ကားမှာ ရှုစားနိုင်ပါပြီ။