The Object of My Affection HD

The Object of My Affection

Comedy Drama Romance HD 1998-04-17 5.8 111 Min

Ant-man မင်းသားကြီး Paul Rudd နဲ့ Jennifer Aniston တို့ ဦးဆောင်ပါဝင်ထားတဲ့ Romantic Comedy ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Nina နဲ့ George ဟာ ဧည့်ခံပွဲတစ်ခုမှာအမှတ်မထင်ဆုံရင်း မိတ်ဆွေတွေ ဖြစ်သွားပါတယ်။Georgeက မူလတန်းကျောင်းဆရာ တစ်ယောက်ဖြစ်ပြီး Jolely ဆိုတဲ့ စာရေးဆရာတစ်ယောက်နဲ့ အတူနေကြတဲ့ ချစ်သူတွေပါ။ဧည့်ခံပွဲက အပြန်မှာJoley နဲ့ ပြတ်သွားခဲ့ပြီး Nina နဲ့အတူ Brooklyn က တိုက်ခန်းတစ်ခုမှာ ပြောင်းနေခဲ့ပါတယ်။Nina မှာလည်း Vince ဆိုတဲ့ ရည်းစားရှိပြီး Vinceက Nina နဲ့ George အတူနေကြတာကိုသိပ်သဘောမကျလှပါဘူး။Nina ကလည်း George နဲ့ အနေကြာလာတော့ သံယောဇဥ် တွယ်လာခဲ့ပါတယ်။ တစ်ရက်မှာ Nina က သူကိုယ်ဝန် ရှိနေတာ သိသွားခဲ့ပြီး George ကို ပြောပြလာပါတယ်။Ninaက ကလေးကိုအဖေဖြစ်တဲ့ Vince ထက် George နဲ့အတူပဲ ပျိုးထောင်ချင်ကြောင်း ပြောလာတဲ့အခါမှာ George က တွေဝေပြီး ဆုံးဖြတ်ရခက်နေခဲ့ပါတယ်။90s rom/com ကြိုက်တဲ့ ပရိသတ်တွေသဘောကျမယ့် ဇာတ်ကားလေးမို့လို့ မိုးအေးအေးလေးနဲ့ ခံစားကြည့်ရှုကြပါဦး။