Disturbing Behavior HD

Disturbing Behavior

Horror Mystery Science Fiction HD 1998-07-24 5.8 84 Min

စတီဗန်တို့မိသားစုဟာ အစ်ကိုအကြီးဆုံးဖြစ်တဲ့”အာလန်”သေဆုံးပြီးနောက်မှာ ခရစ်ဒယ်ဘေးကျွန်းသို့ မိသားစုလိုက်ပြောင်းလာကြပါတယ်။အဲ့ကအထက်တန်းကျောင်းမှာတက်ရင်းဂါဗင်,ရေချယ်တို့နဲ့သူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ အဲ့ဒီအထက်တန်းကျောင်းက ကျောင်းသားတွေဟာဝါသနာတူရာစုပြီးအုပ်စုတွေကွဲနေကြပါတယ်။အဲ့လိုအုပ်စုတွေအများကြီးရှိတဲ့အထဲကမှ“အပြာရောင်ဖဲပြား”ဆိုတဲ့ စာတော်ပြီးထူးချွန်ထက်မြက်တဲ့အဖွဲ့ကသူတွေဟာ အရင်ကနဲ့မတူဘဲပြောင်းလဲလာပါတယ်။ ဂါဗင်ကိုယ်တိုင်ကလည်း အပြာရောင်ဖဲပြားအဖွဲ့ဝင်”အန်ဒီ”ကမယ်ရီဂျိုးဆိုတဲ့အတန်းဖော်ကောင်မလေးကိုသတ်ပစ်တာကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပါတယ်။ဒါပေမဲ့ ရဲအရာရှိကော့ခ်စ်က အားလုံးကိုဖုံးကွယ်ပေးခဲ့တာကြောင့်သက်သေလည်းမရှိဘဲနှုတ်ပိတ်နေခဲ့ရပါတယ်။ ဂါဗင်ဟာ အဲ့အဖွဲ့ဝင်တွေကို မကောင်းတဲ့အမှောင်စွမ်းအင်တစ်ခုခုကထိန်းချုပ်စေခိုင်းနေတယ်လို့သံသယဝင်မိတယ်လို့ သူငယ်ချင်းတွေကိုပြောပြပေမဲ့ဘယ်သူကမှမယုံခဲ့ကြပါဘူး။နောက်တော့ သူကိုယ်တိုင်အဲ့အဖွဲ့ဝင်ဖြစ်သွားပြီး အပြုအမူတွေပြောင်းလဲလာတော့မှ စတိဗ်နဲ့ရေချယ်တို့နှစ်ယောက်နောက်ကွယ်ကလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။