Dead Man on Campus HD

Dead Man on Campus

Comedy HD 1998-08-21 5.4 96 Min

ဒီဇာတ်လမ်းမှာ ထူးချွန်ကျောင်းသား Josh နဲ့ အမြဲတမ်း ပါတီပွဲလုပ် ဆေးသုံးပြီး အလေလိုက်နေတဲ့ Cooper တိုနှစ်ယောက်က ကောလိပ်အဆောင်မှာ အခန်းဖော်တွေဖြစ်လာကြတယ်။Cooper ရဲ့အတတ်ဆိုးတွေကြောင့် အပျော်အပါးမက်မိပြီး တစ်ခါမှမကျဖူးတဲ့ စာမေးပွဲတွေအကုန် ကျသွားတဲ့ Josh နဲ့ စာမေးပွဲကို လာတောင်မဖြေတဲ့ Cooper တိုနှစ်ယောက်လုံး ရုတ်တရက်ကြီးမားတဲ့ပြဿနာကိုယ်စီပေါ်လာပါတော့တယ်။ဒါပေမဲ့ Josh နဲ့ Cooper တို စာမေးပွဲမအောင်လို သူတိုဘဝကြီးပျက်ဆီးလုနီးပါးအချိန်မှာပဲ တွေ့ရှိလိုက်ရတဲ့ ကောလိပ်စည်းမျဉ်းတစ်ခုကတော့ ကိုယ်နဲ့အတူအိပ်တဲ့ အခန်းဖော်‌တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေရင် ကျန်တဲ့အခန်းဖော်သူငယ်ချင်းကို နှစ်သိမ့်အားပေးဆုအနေနဲ့ စာမေးပွဲတွေအကုန်အအောင်ပေးရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ Josh နဲ့ Cooper တို သူငယ်ချင်းနှစ်ယောက်သူတိုစာမေးပွဲတွေ အလိုလိုအောင်သွားတောင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အခန်းဖော်ရဖိုအတွက် နည်းဗျူဟာမျိုးစုံနဲ့ ဘယ်လိုတွေ ပူးပေါင်းကြံစည်ကြမလဲဆိုတာကို ဒီဟာသဇာတ်လမ်းထဲမှာတစ်လွဲမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုလိုရပါတယ်။