The Three Sisters of Tenmasou Inn HD

The Three Sisters of Tenmasou Inn

Drama Fantasy HD 2022-10-28 7.7 150 Min

မိဘမဲ့ တာမာအဲဟာ ဘဝကို ခက်ခဲစွာရုန်းကန်ရင်းကနေ မတော်တဆဖြစ်ကာ ကိုမာဝင်ပြီးမေ့မျောနေသူပါ… သူ အသိစိတ်ကပ်ချိန်မှာ တက္ကစီကားတစ်စီးပေါ်ရောက်နေပြီးလူ့ဘုံနဲ့ကောင်းကင်ဘုံအကြားက ဘုံတစ်ခုကို ရောက်ရှိနေတဲ့ သူ့အခြေအနေကို သိရှိသွားခဲ့ပါတယ်။ဒါပေမဲ့ သူရောက်နေတဲ့ဘုံ၊ သူသွားရတဲ့တည်းခိုခန်းမှာ သူ့ရဲ့အဖေတူအစ်မတွေလည်း ရှိနေပါသေးတယ်ဒီလိုနဲ့ပဲ တာမာအဲဟာတစ်ယောက် တန်မာဆိုယုတည်းခိုခန်းမှာ နေထိုင်ရင်း အဲဒီကို လာရောက်တည်းခိုလာကြတဲ့အမျိုးမျိုးသောဝိညာဉ်တွေရဲ့ ဇာတ်လမ်းတွေကို နားထောင်ပြီး သူတို့ကို ဘဝကူးပြောင်းဖို့ဆုံးဖြတ်နိုင်အောင်အစ်မတွေနဲ့အတူ ကူညီပေးဖို့ဖြစ်လာပြီး နောက်ဆုံး သူ့ရဲ့ဝိညာဉ်ကရော ဘယ်ကိုသွားရမလဲဆိုတာကိုရှာဖွေတွေ့ရှိပြီး ငြိမ်းချမ်းမှုကို ရရှိသွားပုံကို စိတ်လှုပ်ရှားဖွယ်ရာ ဖန်တီးရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်ကားရဲ့ အဓိက အနှစ်သာရကတော့ ရှင်သန်နေထိုင်ရတဲ့ဘဝနဲ့ သေခြင်းတရားရဲ့အဓိပ္ပာယ်၊ဝမ်းနည်းမှုနဲ့ ချစ်ခြင်းမေတ္တာ၊ အတိတ်ကို လက်ခံပြီး အနာဂတ်ဆီရှေ့ဆက်လှမ်းခြင်း စတာတွေကိုလှပတဲ့ မြင်ကွင်းတွေနဲ့ ထိမိတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုနဲ့ ရိုက်ကူးတင်ပြထားတဲ့လို့ ခံစားကြည့်လိုက်ပါဦးနော်။