Guns Up FHD

Guns Up

Action Comedy FHD 2025-05-15 7.04 92 Min

Grown Up, Paul Blart, The Zookeeper တွေနဲ့နာမည်ကျော်ဟာသရုပ်ဆောင် Kevin James ရဲ့ ထူးထူးခြားခြားအက်ရှင်ဇာတ်ကားပါပဲ။Kevin James က ဟာသကားတွေရိုက်ပြီး ပေါက်ကရတွေလုပ်ပြတတ်တာနဲ့နာမည်ကြီးတဲ့သူက အခုဇာတ်ကားထဲမှာ ရယ်စရာတစ်ခုမှမလုပ်ဘဲ အတည်ပေါက်ကြီး ကြမ်းပြသွားတာပါ။ပြီးတော့သူ့မိန်းမနေရာသရုပ်ဆောင်ထားတဲ့သူကလည်း ခေသူမဟုတ်ဘူး။The Addams family နဲ့ Casper ဇာတ်ကားတို့မှာ ကလေးသရုပ်ဆောင်အဖြစ်နာမည်ရလာခဲ့ပြီး Wednesday စီးရီးမှာလည်းအရေးပါတဲ့ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်နဲ့ ဒီအက်ရှင်ဇာတ်ကားမှာ ရဲအရာရှိဟောင်းရေးဟာ မိသားစုနဲ့ကိုယ်ပိုင်စားသောက်ဆိုင်လေးဖွင့်ဖို့အတွက် အိမ်က လူတွေမသိအောင်လူဆိုးဂိုဏ်းတစ်ခုအတွက်ခိုးပြီးအလုပ်လုပ်နေပေးခဲ့တာပါ။ဒီလိုနဲ့ စားသောက်ဆိုင်လေးဖွင့်ဖို့ လက်ထဲငွေအလုံအလောက်ရလာခါမှ ဂိုဏ်းခေါင်းဆောင်က ရှင်းလင်းခံရလိုက်ပြီး ခေါင်းဆောင်အပြောင်းအလဲဖြစ်လာတဲ့အခါမှာတော့ရေးတို့မိသားစုအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲသူတို့မိသားစုအတွင်းက လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာ သိရဖို့ ကြည့်ရှုလိုက်ကြပါဦး။