Opus HD

Opus

Horror Thriller Mystery HD 2025-03-13 5.7 104 Min

တတ်သစ်စ ဂျာနယ်လစ်‌ဖြစ်တဲ့ အေရီရယ်ဟာ ကုမ္ပဏီမှာ ၀န်ထမ်းလုပ်နေရတယ်ဆိုပေမယ့် သူ့ဟာသူကုန်ကြမ်းရှာပြီး စာအုပ်ထုတ်ချင်နေတာပါ။အဲ့ဒီအချိန်မှာပဲ လုံး၀ဒိတ်ဒိတ်ကြဲနာမည်ကြီးဖြစ်ခဲ့တဲ့အဲဖရတ်ဒ် မော်ရက်တီက နှစ်ပေါင်းများစွာ‌ပျောက်သွားပြီးမှ ရုတ်တရက် ပြန်ပေါ်လာတဲ့အတွက် လူတွေက အရမ်းကို အံ့ဩနေကြပါတယ်။သူက ဒီတိုင်း ပြန်ပေါ်လာတာမျိုးမဟုတ်ပဲအယ်လ်ဘမ်အသစ်နဲ့အတူပြန်လာတာပါ။ ပြီးတော့ မော်ရက်တီဟာ သူ့ အယ်လ်ဘမ်အသစ်ကို ဦးဦးဖျားဖျားနားထောင်ခိုင်းဖို့ လူတစ်စုကို ရွေးပြီးအရင်ဖိတ်လိုက်ပါတယ်။ အဲ့ဒီမှာ အေရီရယ်လဲအရွေးခံလိုက်ရပါတယ်။အေရီရယ်လဲ သူ့အထက်လူကြီးဖြစ်တဲ့ စတန်နဲ့ အတူ လာခေါ်တဲ့ကားနဲ့ပဲ ခရီးထွက်ကြပါတော့တယ်။ ဟိုရောက်တော့ ပွဲရဲ့လုံခြုံရေးအရ သူတို့ရဲ့ ဖုန်းတွေ၊ လပ်တော့တွေကို၀န်ထမ်းတွေက သိမ်းသွားပါတယ်။သူတို့ခိုင်းချင်တာ ခိုင်းလို့ရအောင်ဆိုပြီး လူတစ်ယောက်ချင်းစီကိုလဲ အနားမှာ ထားပေးထားပါသေးတယ်။ အေရီရယ်ဟာ ဂျာနယ်လစ်ပီပီ အဲ့နေရာရဲ့ မသင်္ကာစရာတွေကိုစတင်ခံစားမိလာပါတယ်။သူတို့ကို ဖိတ်ရတဲ့ အကြောင်းအရင်းက ဘာတွေလဲ။ အဲ့ဒီ‌ နေရာက လူတွေကရော ဘာ‌တွေလဲ….အရမ်းမပြောတော့ပါဘူး။ ဇာတ်ကားကကောင်းတာမို့လို့ကြည့်ဖြစ်အောင်ကြည့်ကြပါနော်။