Little Black Dress FHD

Little Black Dress

Comedy Drama FHD 2011-01-22 5.5 107 Min

ဒီရုပ်ရှင်လေးမှာတော့ အားလုံးသိပြီးသား နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Yoo In-na, Yun Eun-hye, Park Han-byul, Cha Ye-ryun တို့ ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ သူငယ်ချင်းလေးယောက်က ကြယ်ပွင့်လေးလို ရှင်သန်ချင်ကြတဲ့အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးတွေပေါ့။ သူတို့လေးယောက်ဟာ ပြဇာတ်နှင့်ရုပ်ရှင်မေဂျာကျောင်းသူတွေဖြစ်ကြပြီး ဘွဲ့ရတဲ့အခါ ရုပ်ရှင်စတားတွေလို ဘဝကိုဆက်လက်ရှင်သန်သွားရမယ်လို့ အိပ်မက်,မက်ခဲ့ကြတယ်။ဒါပေမဲ့ ဘဝကြီးက လက်တွေ့မှာ သူတို့အိပ်မက်ထားသလို ဟုတ်မနေတဲ့အခါ…အသီးသီး ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ… သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ဟာတစ်သက်တာ ခိုင်မြဲသွားမလား၊ ဘယ်လိုအက်ကြောင်းတွေ ဖြစ်ပေါ်လာနလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်