Beautiful Voice FHD

Beautiful Voice

Comedy FHD 2019-05-22 8 96 Min

“Beautiful Voice” ဟာ ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကိုရီးယားဟာသ-ဒရာမာရုပ်ရှင်တစ်ကားဖြစ်ပြီးသရုပ်ဆောင်တွေ အနေနဲ့ Park Ho-san, Lee Yi-Kyung, Moon Ji-In တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အသံသွင်းစတူဒီယိုတစ်ခုမှာ ဂိမ်းတစ်ခုအတွက် အသံသွင်းရင်း ပေါ်ပေါက်လာတဲ့အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။စတူဒီယိုဟာ ငွေကြေးကျပ်တည်းမှုနဲ့ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် စတူဒီယိုရဲ့ ကိုယ်စားလှယ်ဖြစ်သူဟာပိုက်ဆံရဖို့အတွက်နဲ့ ဂိမ်းတစ်ခုကို အသံသွင်းပေးဖို့လက်ခံလိုက်ပါတော့တယ်။အဲဒီလိုအသံသွင်းရာမှာ ပါဝင်ဖို့သရုပ်ဆောင်တွေရွေးချယ်ရာမှာလည်း ဘယ်သူမှ မသုံးတော့တဲ့အသံသရုပ်ဆောင်တွေကို ရွေးချယ်မိရာကနေ အဆင်ပြေပြေနဲ့ အသံသွင်းနိုင်ပါ့မလား။ကြော်ငြာရှင်တွေကပါ ဒီအသံသွင်းတဲ့ လုပ်ငန်းစဥ်ကို ဝင်ရောက်ပတ်သတ်လာတဲ့အခါဝါသနာကိုရွေးချယ်မလား ဝမ်းရေးကိုရွေးချယ်မလားဆိုတာတွေကို ဟာသနှောပြီး ရိုက်ကူးတင်ပြထားပါတယ်။အသံသရုပ်ဆောင်အလုပ်ကို လေးနက်စွာပြသသလို၊ လူမသိတဲ့ နောက်ကွယ်ကအနုပညာလုပ်သားတွေရဲ့ဝါသနာတရားနဲ့ အိပ်မက်ကို စစ်မှန်အောင်ဖော်ပြထားတာကြောင့် မသိသေးတဲ့ကမ္ဘာတစ်ခုကို ခံစားရစေတဲ့ဇာတ်ကားဖြစ်တာကြောင့် တူတူကြည့်ရှု့ခံစားလိုက်ကြရအောင်ပါနော်။