All the President's Men HD

All the President's Men

Drama Thriller Mystery HD 1976-04-09 7.649 138 Min

၁၉၇၄ ခုန‌စ်မှာ ၃၇ ယောက်အမေရိကန်သမ္မတ Richard Nixon ကို ရာထူးမှနှုတ်ထွက်စေခဲ့ရတဲ့ scandal တစ်ခုက ၁၉၇၂ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဝါရှင်တန်မြိုက ဝါးတားဂိတ်ဟိုတယ်မှာရှိတဲ့ဒီမိုကရက်တစ်ဌာနချုပ်ကို လူ ၅ ယောက်ကဖောက်ထွင်းခဲ့တဲ့ Watergate Scandal ပါ။ဖောက်ထွင်းမှုနဲ့စွဲချက်တင်ခံထားရလို့ ဖုန်းဆက်ခွင့်တောင်မရတဲ့ ဖောက်ထွင်းသူတွေမှာကိုယ်ပိုင်ရှေ့နေခေါ်ထားပြီးဖြစ်နေတာကနေစပြီး မသင်္ကာစရာ‌တွေကို ဝါရှင်တန်ပိုစ်သတင်းစာတိုက်က သတင်းထောက်နှစ်ဦးဖြစ်တဲ့ Carl Bernstein နဲ့ Bob Woodward တို့က ဆက်လက်စုံစမ်းရာကနေဘယ်သူမှမထိရဲတဲ့ကိစ္စတစ်ခုကို ရေမြေအဆုံးထိလိုက်ဖို့ ဖြစ်သွားတယ်။ ဇာတ်ကြောင်းက နိုင်ငံအရေးအတိဆိုပေမဲ့ Thriller, Mystery ပုံစံမျိုးနဲ့တင်ဆက်ထားတာပါ။