My Girlfriend Is an Agent HD

My Girlfriend Is an Agent

Action Comedy Romance HD 2009-04-04 6.206 113 Min

ဇာတ်လမ်းလေးကတော့ အမျိုးသားထောက်လှမ်းရေး အေးဂျင့်နှစ်ဦးဖြစ်တဲ့ Su-ji(Kim Ha-neul) နဲ့ Jae-joon (Kang Ji-hwan) တို့အကြောင်းပါ ..သူတို့နှစ်ဦးဟာလျှို့ဝှက်အလုပ်တွေ လုပ်နေကြတဲ့ ထောက်လှမ်းရေးတွေဖြစ်ပေမဲ့ တစ်ယောက်အကြောင်းတစ်ယောက် မသိခဲ့ကြပါဘူး ..Su-ji ဟာ ခရီးသွားအေဂျင်စီမှာ အလုပ်လုပ်သလို ဟန်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူJae-joonကတော့ နိုင်ငံတကာစာရင်းကိုင်အဖြစ် ဟန်ဆောင်ထားခဲ့ပါတယ် ..နှစ်ယောက်စလုံးက သူတို့ရဲ့ ချစ်သူတွေဟာ သာမန်လူတွေပဲလို့ ထင်မှတ်ထားကြပြီးတစ်ယောက်ရဲ့ အလုပ်ကြောင့် တစ်ယောက်စီကို အထင်အမြင်လွဲမှားမှုတွေ မကျေနပ်မှုတွေနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေကြပါတယ် ..နောက်ဆုံးမှာ ကိုယ်စီကိုယ်စီ ဘဝရဲ့ အဖြစ်မှန်တွေကို သိရှိသွားကြမလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ..ဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ Su-ji နဲ့ Jae-joon တို့ရဲ့ လျှို့ဝှက်အလုပ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ရယ်စရာကောင်းတဲ့ အခြေအနေတွေပါပဲ .. သူတို့နှစ်ဦး အချင်းချင်း လိမ်ညာရင်းရန်ဖြစ်ကြပုံ အထင်အမြင်လွဲမှားကြပုံတွေက ကြည့်ရှုသူတွေကို တခွီခွီနဲ့ ရယ်မောစေမှာပါ ..ခြုံပြောရရင် “My Girlfriend is an Agent” ဟာ ပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမို့လို့ အက်ရှင်ကား ကြိုက်သူတွေ ရိုမန့်တစ်ဟာသကားကြိုက်သူတွေရော ကြည့်ရှုဖို့ သင့်တော်ပါတယ် ..သူငယ်ချင်းတွေ မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီကားလေးဟာကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ် ..