ကေတီက အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး တင်းကြပ်တဲ့အမေရဲ့စောင့်ကြည့်မှုအောက်မှာ နေရင်း ဘဝကိုအေးဆေးစွာဖြတ်သန်းနေသူပါ။အဖေဖြစ်သူကလည်း မြို့က နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးမိသားစုဘဝလေးက ငြိမ်းချမ်းနေခဲ့ပါတယ်။ဒါပေမဲ့ ဘဝအလှည့်အပေါင်းအချိုးအကွေ့တစ်ခုက ကေတီတို့ မိသားစုလေးဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။တစ်ရက် ကေတီအိမ်မှာမရှိတုန်း သူစိမ်းယောက်ျားတစ်ယောက်ရောက်လာပြီးသူဟာ ကေတီရဲ့ အဖေအစစ်ဖြစ်ကြောင်း၊ ကေတီ့ကို မွေးတဲ့အချိန်တုန်းကဆေးရုံမှာကလေးချင်းမှားခဲ့တာဖြစ်ကြောင်း လာပြောပါတော့တယ်။ကေတီ့မိဘတွေလည်း အစပိုင်းမှာ မယုံသင်္ကာဖြစ်ခဲ့ပေမဲ့ ဒီအန်အေစစ်ဆေးကြည့်တဲ့အခါမှာကေတီက တကယ်ပဲ အဲဒီသူစိမ်းရဲ့ ကလေးဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ ကေတီတို့ မိသားစုကလေး ဘာတွေဆက်ဖြစ်ကြမလဲ။တစ်ဖက်မိသားစုမှရော အခြေအနေတွေဘယ်လိုရှိလဲ။ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကျစ်ကျစ်လစ်လစ်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။