Blood Rain HD

Blood Rain

Thriller Mystery HD 2005-05-04 7.1 119 Min

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ဂျိုဆွန်းခေတ်စုံထောက်ကားလေး တစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းကတော့ စက္ကူ ထုတ်လုပ်ရေး တွင်ကျယ်တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ် ။တစ်ရက်မှာတော့ ဘုရင့်ဆီ ဆက်သဖို့ ပြင်ဆင်ထားတဲ့ စက္ကူတွေတင်ထားတဲ့လှေက မီးလောင်သွားခဲ့ပါတယ် ။ ဒီကိစ္စကြောင့် မြို့တော်ကနေ အထောက်တော်အရာရှိနှစ်ယောက် ဆင်းလာပြီး မီးလောင်မှုကို စစ်ဆေးဖော်ထုတ်ကြပါတယ် ။ဒါပေမဲ့ တကယ့်ပြဿနာကတော့ သူတို့ရောက်လာပြီး နောက်နေ့ကစလို့ လူတွေတစ်ယောက်ပြီး တစ်ယောက် အသတ်ခံရတော့တာပါပဲ ။သတ်ပုံသတ်နည်းကလည်း တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၇ နှစ်က ဘရင်ဂျီဂိုဏ်းဝင်ပါလို့စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရတဲ့ သူကြီး ဂန်တို့ မိသားစု ကွပ်မျက်ခံခဲ့ရပုံတွေနဲ့တစ်ပုံစံတည်း တူနေခဲ့တာပါ ။ဒီအခါမှာတော့ နောက်ထပ် လူတွေမသေရဖို့အတွက် တရားခံကို ဖော်ထုတ်ဖို့အရေးကြီးလာခဲ့ပါတယ် ။ကိစ္စတွေက သူကြီးဂန် ကွပ်မျက်ခံရမှုနဲ့ ဆက်စပ်နေတဲ့အတွက် သူတို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကသူကြီးဂန်အမှုကို ပြန်အစဆွဲထုတ်စုံစမ်းကြပါတော့တယ် ။ဒီလိုမျိုး ပြန်စုံစမ်းရင်းနဲ့ ဘယ်လိုထိတ်လန့်စရာ အမှန်တရားတွေကို တွေ့လာရမလဲ။လူသတ်သမားကရော ဘယ်သူလဲ ဒါမှမဟုတ် ရွာသားတွေပြောသလို သူကြီးဂန်ရဲ့အငြှိုးအတေးဝိညာဉ်ကပဲ ရွာသားတွေကို လက်စားချေနေတာလားဆိုတာကိုတော့Blood Rain ရုပ်ရှင်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။