လှည်းလေးနဲ့ဝက်အူချောင်းကင်ရောင်းတဲ့အစ်ကိုကြီးတစ်ယောက်မတော်တဆခြေချော်ပြီးတော့ နာမည်ကြီးOnline Cele မလေးရဲ့အယောင်ဆောင်ရည်းစားဖြစ်သွားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဆယ်လီမလေးဟာ သူဌေးနဲ့ကြိုက်နေတာဖြစ်ပြီးတော့ အားလုံးသိသွားရင်သူဌေးကိုအပိုင်ဖမ်းပြီးတော့နာမည်ကြီးလာတယ်ဆိုပြီးနာမည်တပ်ခံရမှာကြောက်တဲ့အတွက်အရေးပေါ်အဖြေအနေနဲ့ ဝက်အူချောင်းရောင်းတဲ့လူတစ်ယောက်ကိုအစားထိုးလိုက်ရတာဖြစ်ပါတယ်။ရိုးသားပြီးနုံအတဲ့ဝက်အူချောင်းသည်နဲ့နာမည်ကြီးဆယ်လီရဲ့အချစ်ဇာတ်လမ်းဟာမထင်မှတ်ပဲပရိသတ်တွေအားပေးတာခံရပြီးတော့သူတို့ဟာခေတ်သစ်အွန်လိုင်းဆယ်လီစုံတွဲဖြစ်လာတဲ့ပုံကိုရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။