ချစ်ပရိသတ်တို့ကို… အစ်ကိုကြီးတစ်ယောက်အကြောင်းကိုပြောပြမယ်သူကလုယက်မှုကြီးကို ဦးဆောင်ပြီးတော့ ရဲရဲဝံဝံ ထောင်ထဲဝင်သွားပြီးတော၃ နှစ်အကြာမှာတော့ နေမကောင်းသလိုလို ဘာလိုလိုနဲ့ ဂယောင်ပုံဖမ်းပြီးတော့..ထောင်ကပြေးခဲ့တယ်…အစ်ကိုကြီး ပြေးလာတော့ မဟေသီ မရီးဆီပြေးမယ်ထင်လား…နိုးနော် အစ်ကိုကြီးထက်ဦးတာက တခြားလူတွေပဲ…ဘာလို့လဲဆိုတော့အစ်ကိုကြီးက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးလာရင်ဆေး ၁ ဆ အစား ၂ ဆ ပေးမိလို့ ဇာတ်မြောနဲ့ မေ့နေလေရဲ့….ဒီလိုနဲ့ပဲ မရီးမှာ အစ်ကိုကြီးထားခဲ့တဲ့ စာရင်းစာအုပ်နဲ့အတူအစ်ကိုကြီးဝှက်ခဲ့တဲ့ငွေတွေကိုမက်မောပြီးလာတဲ့ ဒုစရိုက်လူရမ်းကားတွေရဲ့ ရန်ကို လှလှကြီးခံရတာပေါ့…တစ်ဖက်မှာလည်း တစ်ဖွဲ့တည်းအတူတူ တိုက်ပွဲဝင်ခဲ့ပြီးတော့ အဖွဲ့ဝင်တွေရဲ့သေသတင်းကို ပြန်ပို့ခဲ့ရတဲ့ စစ်သည်ဟောင်းကြီး ရှရန်ကလည်းဒီမြို့ပျက်ကြီးမှာ ရဲအရာရှိဖြစ်နေလေရဲ့…အရင်ဒဏ်ရာမသက်သာတဲ့ကြားမှာ ဒီလိုမျိုး တည်ငြိမ်ပြီးလူသူနည်းတဲ့ မြို့ပျက်ကြီးမှာနေကာမှ…မရီးကလည်း ဒီမှာလာပုန်းနေပြီး အစ်ကိုကြီးဆိုသူပြန်လာတဲ့အတွက်ဘယ်လိုတွေ ဂယက်ထကုန်မလဲ…သူ့ရဲ့ မကျက်သေးတဲ့အနာက ဒဏ်ရာသစ်ပြန်ကြုံရမှာလား…ဒီအစ်ကိုကြီးကရော တကယ်မေ့နေတာလား…မရီးကရော ဘာလို့ ဇာတ်မြှုပ်နေရတာလဲ…စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့မလို့ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါနော်