The Secret Recipe HD

The Secret Recipe

Drama Romance HD 2025-02-20 6.5 121 Min

ရေဆာဆိုတာ မဟာရာဆာစားသောက်ဆိုင်ရဲ့ စားဖိုမှူးကြီး၊တစ်နည်းပြောရရင် နာမည်ကြီးအီတလီစားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးပေါ့။သူ့ရဲ့အိပ်မက်ကတော့ အင်ဒိုကနေတစ်ဆင့် အီတလီမှာစားသောက်ဆိုင်ဖွင့်ချင်တာဖြစ်ပြီးတော့ ဒီအတွက်အရင်းအနှီးထုတ်ပေးမယ့်သူကတော့ သူ့ရဲ့ချစ်သူလေးဒင်ဒါရဲ့အဖေဘရိုတို သူ့ရဲ့ယောက္ခထီးလောင်းလေးပေါ့။ဒါပေမဲ့ ဟင်းလျာနဲ့ပတ်သက်ရင် ရေဆာနဲ့မစ္စတာဘရိုတိုတို့ကြားမှာ ကွဲလွဲမှုက ကြီးမားနေပြန်ပါတယ်။ရေဆာကတော့ အီတလီအစားအစာကို အားသန်ပြီးမစ္စတာဘရိုတိုကတော့ မျိုးချစ်ပီပီ အင်ဒိုအစားအစာကို တန်ဖိုးထားသူပေါ့။ဒီလိုနဲ့ အီတလီစားသောက်ဆိုင်စာချုပ်အတွက် လက်မှတ်ထိုးမယ့်နေ့မှာဘရိုတိုက ရေဆာကို မူတီကာရာဆာဆိုတဲ့ လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ပေးလိုက်ပါတယ်။ဒီစာအုပ်က ဟင်းချက်နည်းတစ်ထောင်ရှိတာပေမဲ့ အခုတော့ တစ်ပိုင်းတစ်စပဲရှိတာပါ။‌ရေဆာအတွက် ဘရိုတိုရဲ့စမ်းသပ်မှုကတော့ မူတီကာရာဆာကို မှီငြမ်းပြီး မီနူးသစ်ထွင်ဖို့ပါပဲ။ဒါပေမဲ့ရေဆာတစ်ယောက် အဖြစ်ဆိုးတစ်ခုနဲ့ကြုံပြီး အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားချိန်မှာတော့