” ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ်သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ်ဒီကိစ္စကိုကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ်၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။အမျိုးသားတွေကျတော့ တနှစ်မှာ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲနာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ ”ဒီမိန့်ခွန်းကိုအင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။သူ့ဘဝဇာတ်ကြောင်းကိုပုံဖေါ်ထားပြီး အိမ်ထောင်ကျပြီးချိန်မှသိပ်ချစ်လွန်းတဲ့ဇနီးဖြစ်သူရဲ့ ဒီဒုက္ခကိုဖြေရှင်းပေးဖို့ကြိုးစားရင်းအရူး၊ တဏှာရူး၊ လူညစ်ပတ် စသဖြင့်ပေါင်းစုံဝေဖန်အပြစ်တင်မှုတွေခံခဲ့ရပြီးနောက်ဆုံးသိပ်ချစ်ရတဲ့ဇနီးနဲ့ပါ ကွဲရတဲ့အထိဖြစ်ခဲ့ရပါတယ်ဒါလည်း သူ့ယုံကြည်ရာကို ဇွဲမလျော့ဘဲ ကြိုးစားမှုကြောင့်လက်(ရှ်)မီးဟာ ပဒ်မန်းဖြစ်လာခဲ့ပါတယ်။သူဘဝမှာဘယ်လိုတွေခက်ခဲကြိုးပမ်းခဲ့ရလဲဘယ်သူတွေက အပြစ်တင်ကြပြီးဘယ်သူတွေက ကူညီပေးခဲ့လဲဆိုတာ သူ့ဘဝဇာတ်ကားကြီးမှာ ခံစားမှုပေါင်းစုံနဲ့ စီးမျောလိုက်ကြပါဦးဗျာ