မိုနီကာက အသံလွှင့်ဇာတ်လမ်းပြောသူတစ်ဦးဖြစ်ပါတယ်။ တစ်ခါမှာတော့ သူမရဲ့ အမာခံပရိတ်သတ်တစ်ခုဖြစ်သူ အဲလက်စ်နှင့် တွေ့ဆုံရဖို့ ဖြစ်လာခဲ့ပါတယ်။သို့ပေမယ့် အွန်လိုင်းပေါ်က မိတ်ဆွေကိုအပြင်လက်တွေ့မှာ တွေ့ရတာဟာ ထင်ထားသလိုဖြစ်လာမှာတော့ မဟုတ်ပါဘူး။ပတ်ဝန်းကျင်ရဲ့ အပယ်ခံတစ်ဦးဖြစ်သူ အတိတ်မှာ အမဲစက်ရှိသူဖြစ်တဲ့ အဲလက်စ်ဟာ ဘာတွေများလျှို့ဝှက်ဖုံးကွယ်ထားတာတွေရှိနေမလဲ……။Thriller ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အခုနှစ် 2025 မှ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ကားနာမည်အတိုင်းပဲ လှည့်ကွက်တွေအများကြီးနဲ့မို့ ကြည့်ကောင်းမယ့်ကားလေးဖြစ်ပါတယ်။