Children Who Chase Lost Voices HD

Children Who Chase Lost Voices

Family Fantasy Adventure Animation HD 2011-05-07 7.213 116 Min

Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင်Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးကဒီဆရာသမားရဲ့2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်းရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါအဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့တောင်ကုန်းတစ်ခုပေါ်တက်ပြီးအဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲတွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီးသတင်းတွေပျံ့နေပါတော့တယ်။ ဒါကြောင့်ညနေကျောင်းဆင်းချိန်မှာပဲ Asuna နဲ့ အဲဒီအကောင်ကြီးထိပ်တိုက်တွေ့တဲ့အချိန် Shun လို့ခေါ်တဲ့ကောင်လေးက ကယ်တင်ပေးလိုက်ပြီး နှစ်ဦးသားရင်းနှီးသွားကြပါတယ်။ နောက်တစ်ရက်မှာတော့ချိန်းထားပေမဲ့ကောင်လေးကပေါ်မလာပါဘူး။Asuna ကျောင်းဆင်းချိန်ရောက်တော့ Shun သေသွားပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။Asuna ရဲ့ကျောင်းမှာလဲအစားထိုးဆရာတစ်ယောက်ရောက်လာပြီးမြေအောက်ကမ္ဘာအကြောင်းကိုသင်ခန်းစာထဲထည့်သင်သွားတဲ့အချိန် Asuna မှာ နားလည်ရခက်တဲ့ ပုစ္ဆာတွေကို သိချင်တာတွေရှိလာတော့တယ်။အဲဒီနောက်မှာ Asunaဟာ မြေအောက်လောက(မရဏလောက) ကိုခရီးသွားဖို့ အကြောင်းဖန်လာပါတော့တယ်။Shun က တကယ်ပဲသေသွားပြီလား အစားထိုးဆရာကရော တကယ်ပဲဆရာတစ်ယောက်လား။Asunaတစ်ယောက်ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာကို Emotional Scenes ကောင်းကောင်းလေးတွေနဲ့တွေ့မြင်ရမှာပါ။ လူတိုင်းဟာတစ်ရက်မှာထွက်ခွာသွားရမှာလောကနိယာမပါပဲ။အမြဲအတူရှိနေမယ်ထင်ထားတဲ့သူတွေကတောင် ထွက်ခွာသွားရမဲ့အချိန်တန်ရင် အနားကနေစွန့်ခွာသွားတာကို လက်မခံနိုင်လဲလက်ခံရမှာပါ။ ဒီသဘောတရားကို ကောင်းကောင်းကြီးပုံဖော်ထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်လို့ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။