Bring Her Back HD

Bring Her Back

Horror HD 2025-05-28 6.877 104 Min

အန်ဒီနဲ့ ပိုက်ပါဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး ကင်ဆာဖြစ်လို့ဓာတ်ကင်နေရတဲ့ အဖေဖြစ်သူနဲ့အတူ နေထိုင်ကျော်ဖြတ်နေရပါတယ်။ပိုဆိုးတာက ပိုက်ပါက အမြင်အာရုံချို့ယွင်းနေပြီးအလင်းရောင်နဲ့အရိပ်အယောင်လောက်ပဲ မြင်ရတဲ့အတွက် အစ်ကိုဖြစ်သူ အန်ဒီကအဖေ့ကိုရော ညီမလေးကိုပါ အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်နေရသူပါ။တစ်နေ့မှာတော့ သူတို့အဖေဟာ ရေချိုးခန်းထဲမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပြီးတော့ အန်ဒီက အသက် ၁၈ နှစ်ပြည့်ဖို့ သုံးလလိုသေးတဲ့အတွက်သူ့ညီမဖြစ်သူကို အုပ်ထိန်းဖို့ အသက်မပြည့်သေးတာကြောင့် ခွဲနေရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့အန်ဒီက ၁၈ နှစ်ပြည့်ပြီး အုပ်ထိန်းခွင့်မလျှောက်နိုင်ခင် သုံးလအတွင်းမှာပိုက်ပါကို ခေါ်ယူမွေးစားပေးမဲ့ လော်ရာဆိုတဲ့အမျိုးသမီးကြီးဆီမှာ လိုက်နေရဖို့ ခွင့်တောင်းခဲ့ပါတယ်။လော်ရာဆိုတဲ့အမျိုးသမီးကခွင့်ပြုတဲ့အတွက် သူတို့ဟာ လော်ရာအိမ်မှာ လိုက်နေရဖို့ ဖြစ်လာခဲ့ပါတယ်။လော်ရာရဲ့ သမီးဖြစ်သူကလည်း ပိုက်ပါလိုပဲ မျက်စိမမြင်တဲ့အတွက် ရေနစ်ပြီး သေဆုံးသွားခဲ့တာပါ။သူတို့ လော်ရာ့အိမ်ကိုရောက်တဲ့အခါ သူတို့မောင်နှမအပြင် နောက်ထပ်ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုလည်းလော်ရာက မွေးစားထားတဲ့အပြင် လော်ရာ့အိမ်အပြင်ဖက်မှာ အဖြူရောင်အမှုန့်တွေနဲ့ စည်းတားထားပါသေးတယ်ဒီတော့ လော်ရာကရော ဘယ်လိုအကြံအစည်တွေရှိနေလဲ၊ အဲဒီထူးဆန်းတဲ့ကလေးကရော ဘယ်သူလဲ၊သူတို့မောင်နှမ ဒီသုံးလအတွင်း ဘယ်လိုကျော်ဖြတ်ရမလဲ စသဖြင့် သို့လောသို့လောမေးခွန်းများစွာနဲ့စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။