ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDbမှာလည်းမခေလှတဲ့ သိပ္ပံဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Psychological Thrillerတွေကိုကြိုက်တတ်သူတွေအနေနဲ့တော့လက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးထဲမှာတော့ Max လို့ခေါ်တဲ့သင်္ချာပညာရှင်တစ်ယောက်ကိုဦးတည်ထားပါတယ်။ သူဟာသင်္ချာကိန်းတစ်ခုကိုရှင်းရင်း ကွန်ပြူတာမှာ ကိန်းဂဏန်းစဉ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ဆရာကိုမေးကြည့်တဲ့အခါ သူ့ဆရာကလည်း တိုက်တိုက်ဆိုင်ဆိုင် ကိန်းလုံးရေ၂၁၆လုံးရှိတာလားလို့မေးလိုက်ပြန်ပါတယ်။ ဒါနဲ့ပဲ Max တစ်ယောက်ခေါင်းစားနေတုန်း ဂျူးဘာသာရေးသမားတစ်ယောက်က ဟီဘရူးဘာသာနဲ့ပတ်သက်ပြီးလာပြောပြရာကနေ ကိန်းလုံးရေ၂၁၆လုံးအကြောင်းထပ်ပါလာပြန်ပါတယ်။ဆိုတော့ Max အနေနဲ့ဒီအကြောင်းကိုတအားသိချင်လာပေမဲ့ သူ့ဆရာကတော့ ကွန်ပြူတာကြောင်တာပါလို့အကြောင်းပြပြီး သူ့ကိုတားမြစ်ပါတော့တယ်။အဘိုးကြီးကလည်းမူမမှန်တာကြောင့် Max အနေနဲ့ဒီအရာကိုမသိသိအောင်စုံစမ်းပါတော့တယ်။ဆိုတော့ဒီကိန်းတန်း ၂၁၆လုံးကဘာတွေလဲ…ဘာရဲ့အဓိပ္ပာယ်ဖြစ်မလဲသိပ္ပံနဲ့ဘာသာရေးကိုပါယှဉ်တွဲပြသထားတဲ့ဒီဇာတ်ကားလေးကတော့ တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းပြီး ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ဖို့အကြံပြုချင်ပါတယ်။