Bringing Up Baby ရုပ်ရှင်ဇာတ်ကားဟာ ၁၉၃၈ ခုနှစ်မှာ ဒါရိုက်တာ Howard Hawks ရိုက်ကူးထားတဲ့ screwball comedy ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာဒိုင်နိုဆောအမျိုးနွယ်ဝင်ဖြစ်တဲ့ brontosaurus ရုပ်ကြွင်းကို ပြီးဆုံးအောင် တပ်ဆင်နေတဲ့ ရုပ်ကြွင်းပညာရှင် David Huxley ဟာ သူ့ပြတိုက်အတွက် အလှူငွေရနိုင်အောင် ကြိုးစားနေအချိန်ပေါ့ပေါ့ပျက်ပျက်နဲ့ဘာကိုမှဂရုမစိုက်ဘဲ လုပ်တတ်တဲ့ Susan Vance နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက် ဂေါက်ကွင်းမှာ တွေ့ဆုံမှုကစပြီး နောက်ပိုင်း ဒိုင်နိုဆောအရိုးပျောက်လို့ ရှာပုံတော်ဖွင့်တာတွေ၊ Susan ရဲ့အဒေါ် Elizabeth အတွက် ပို့ပေးလိုက်တဲ့ ကျားသစ်ကိုရှာပုံတော်ဖွင့်တာတွေကစပြီး ဂယက်ပေါင်းသောင်းခြောက်ထောင်နဲ့အတူ သူ့ရဲ့ဘဝနဲ့ အနာဂတ်ကို ထိန်းသိမ်းဖိုကြိုးစားနေတဲ့ David နဲ့ သွက်လက်ပြီး ကိုယ်လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့ Susan တို့အကြားဘယ်လိုရှုပ်ထွေးမှုတွေဖြစ်လာမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပေးပါဦးနော်