ရိုင်ယန်နဲ့ဂျန်နီဖာဟာ ငယ်ငယ်တုန်းက L.Aမြို့ကိုပျံသန်းမယ့် လေယာဥ်ပေါ်မှာ ဘေးချင်းကပ်ထိုင်စီးရာကနေ ခင်မင်ခဲ့ပါတယ် ထို့နောက် ကွဲကွာသွားပြီး နှစ်တွေကြာပြီး တက္ကသိုလ်မှာမှပြန်ဆုံတွေ့ပါတယ်ရိုင်ယန်က ဘယ်ကိစ္စမဆိုကိုအလေးအနက်ထားတတ်ပြီး သေချာအစီစဥ်ဆွဲပြီးမှလုပ်တတ်သူပါ။ ဂျန်နီဖာကတော့ ဘာကိုမှသိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူပါဒီလိုဆန့်ကျင်ဘက်အကျင့်စရိုက်တွေနဲ့သူတို့နှစ်ယောက်ဟာ ကောလိပ်တက်တဲ့အရွယ်မှာပြန်တွေ့တော့လည်း အရာရာတိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်သူတို့နှစ်ယောက်တစ်ယောက်အပေါ်တစ်ယောက် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေပေမဲ့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးလေးပျက်စီးသွားမှာကြောက်တာကြောင့်နှစ်ယောက်စလုံးမြိုသိပ်ထားခဲ့ကြပါတယ်။အကျင့်စရိုက်ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေတွေမှာအမြင်မတူတာတွေဖြစ်မလဲသူတို့တွေသူငယ်ချင်းအဆင့်ထက်ကျော်သွားမလား?ဒါမှမဟုတ် တစ်သက်လုံးသူငယ်ချင်းအဖြစ်ပဲဆက်ရှိနေသွားမှာလား?