The Discloser FHD

The Discloser

Thriller FHD 2017-07-20 6.7 100 Min

ဇာတ်လမ်းက ဒုတိယဗိုလ်မှူးကြီး Park Dae-ik ကို ဗဟိုပြုထားပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်ပံ့ပစ္စည်းဌာန လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ဌာနခွဲကို ပြောင်းရွှေ့ခံရပြီး စစ်‌လေယာဉ်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ကြီးမားတဲ့ ပုံမှန်မဟုတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူ့အထက်အရာရှိ ဗိုလ်ချုပ် Cheon Hyeon-seok က ဒီအကျင့်ပျက်ခြစားမှုတွေကို ခွင့်ပြုရုံမက အားပေးနေတာကို တဖြည်းဖြည်း တွေ့လာရပါတယ် ဗိုလ်ချုပ်ရဲ့ ဖိအားပေးမှုနဲ့ ရာထူးတိုးပေးမယ်ဆိုတဲ့ ကတိတွေကြားမှာ Park Dae-ik ဟာ အဖြစ်မှန်ကို သိလျက်နဲ့ ဆိတ်ဆိတ်နေဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ချွတ်ယွင်းနေတဲ့ စက်ပစ္စည်းကြောင့် လေယာဉ်မှူးတစ်ဦး သေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်ကျင့်တရားက ဆိတ်ဆိတ်မနေဖို့ တွန်းအားပေးလာပါတော့တယ်။အဲဒီနောက်မှာ Park Dae-ik ဟာ လျှို့ဝှက်စုံစမ်းမှုတွေ ပြုလုပ်ပြီး စစ်တပ်နဲ့ အမေရိကန် Air Star ကုမ္မဏီတို့ကြားက လျှို့ဝှက်သဘောတူညီမှုတွေကို သိရှိသွားပါတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သတင်းထောက် Kim Jung-sook နဲ့ ပူးပေါင်းပြီး ကြိုးစားခဲ့ကြပါတယ်။ဒီဇာတ်ကားလေးဟာ စစ်တပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ဖော်ထုတ်သူတစ်ဦးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်။