My Tutor Friend FHD

My Tutor Friend

Comedy Romance FHD 2003-01-30 6.5 110 Min

အမေ့ရဲ့တိုက်တွန်းမှုကြောင့် ဂိုက်ဆရာမ အလုပ်လုပ်နေတဲ့ ဆူဝမ်တစ်ယောက် စာသင်တဲ့ ကာလတစ်လျှောက် ‌ဆိုးဝါးလှတဲ့ကျောင်းသားတွေပဲ ကြုံတွေ့ခဲ့ရတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အမေ့ရဲ့ ချမ်းသာတဲ့သူငယ်ချင်းတစ်ယောက်က သားဖြစ်သူ ဂျီဟွန်းကို စာသင်ပေးဖို့ သူ့ကိုခေါ်ခဲ့ပါတယ်။ ဂျီဟွန်းဆိုတာက သူကြုံတွေ့ခဲ့ရဖူးတဲ့ ကျောင်းသားတွေထက် အများကြီးပိုဆိုးသွမ်းပြီး စာဆို ဘာစာမှသင်မရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အခါ..လာသမျှဂိုက်ဆရာတွေအားလုံးကို လက်လျှော့ပြီး ထွက်ပြေးအောင်လုပ်နိုင်ခဲ့တဲ့ ဂျီဟွန်းတစ်ယောက် ဆူဝမ့်ကိုရော အဲဒီလိုဖြစ်အောင်လုပ်နိုင်မလား.. ဒါမှမဟုတ် ဆူဝမ်ကပဲ ဆိုးသွမ်းလှပါတယ်ဆိုတဲ့ ဂျီဟွန်းကို နိုင်အောင်ထိန်းနိုင်မလား၊ သူတို့ကြားထဲ ဘယ်လိုဆက်ဆံရေးလေး ပေါက်ဖွားလာမလဲဆိုတာ….My Tutor Friend ဆိုတဲ့ဇာတ်ကားလေးကို ကြည့်ရှူအားပေးလိုက်ကြပါဦး။