Alex ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ အဆောက်အုံပုံဟောင်းတွေ ရှုခင်းတွေကို ဓါတ်ပုံရိုက်ရတာ ဝါသနာကြီးသူဖြစ်ပါတယ်။သူ့မှာ သူ့ကိုသိပ်ချစ်တဲ့ Sam ဆိုတဲ့ ဇနီးချောလေးတစ်ယောက်လည်းရှိပါတယ်။Alex ဟာနယ်စုံလှည့်လည်ခရီးသွားလာပြီး ဓါတ်ပုံရိုက်ရင်း Renny နဲ့ Suzy ဆိုတဲ့ မောင်နှမ ၂ ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့ပါတယ်။Renny နဲ့ Suzy ဟာပုံမှန်လိုထင်ရပေမဲ့ နောက်ကွယ်မှာ လျှို့ဝှက်နက်နဲတဲ့ ကိစ္စတွေကို ဖုံးကွယ်ထားကြသူတွေဖြစ်ပြီး Alex ဟာလည်း သူတို့လက်ချက်နဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ဒါကြောင့် Sam ဟာ ပုဂ္ဂလိက စုံထောက်တစ်ဦးဖြစ်တဲ့ Harold ကိုငှားပြီး Alex ကိုရှာခိုင်းပါတော့တယ်။Alex ဘာဖြစ်သွားတာလဲ၊ Sam နဲ့ Harold ကရော Alex ကိုရှာရင်း အန္တရာယ်ကင်းပါ့မလား….Renny နဲ့ Suzy တို့ကရော လူကောင်းတွေဟုတ်ရဲ့လားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။