ဂျပန်စုံတွဲလေး Jun နဲ့ Mitsuko ဟာ သူတို့ရဲ့ Idol ဖြစ်တဲ့ Elvis Presley နေတဲ့ မမ်ဖစ်မြို့ကို ရောက်လာခဲ့ကြတယ်။ဟိုတယ်ဟောင်းလေးတစ်ခုမှာ အခန်းယူပြီး အိပ်စက်ဖို့ ပြင်ဆင်နေတုန်း သေနတ်သံတစ်ခုကို သူတို့ကြားလိုက်ရတယ်။တစ်ချိန်တည်းမှာပဲ အီတလီကနေ ရောက်လာတဲ့ မုဆိုးမ Luisa ဟာခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို ပြန်သယ်ဖို့ စောင့်ဆိုင်းရင်း အဲဒီဟိုတယ်မှာပဲ တည်းခိုခဲ့ရတယ်။ထိုစဉ်မှာပဲ Johnny ဆိုတဲ့ ဗြိတိသျှလူမျိုးတစ်ဦးဟာ သူ့ချစ်သူနဲ့ ပြတ်စဲပြီးအလုပ်ပါပြုတ်သွားလို့ အရက်သောက်ရင်း မူးယစ်နေတယ်။ သူ့ကို ဆံပင်ညှပ်သမားCharlie နဲ့ သူငယ်ချင်း Will တို့က ကူညီဖို့ ကြိုးစားနေပြီး သူတို့သုံးယောက်လည်းအဲဒီညမှာပဲ မမျှော်လင့်ဘဲ ပြဿနာတစ်ခုတက်ကာ ထိုဟိုတယ်မှာပဲ ခိုလှုံဖို့ ဖြစ်လာခဲ့ကြတယ်။တိုက်တိုက်ဆိုင်ဆိုင် Johnny ရဲ့ချစ်သူဟာလည်း Luisa နဲ့ဟိုတယ်တစ်ခန်းထဲမှာ အကြောင်းကြောင်းကြောင့် အတူနေနေခဲ့ရပါတယ်။မန်ဖစ်မြို့ရဲ့ ညဟာ တိတ်ဆိတ်ပေမယ့် ဒီလူစိမ်းသုံးဖွဲ့ရဲ့ ဘဝတွေကတော့ဟိုတယ်ရဲ့ နံရံတွေကြားမှာ မသိမသာ ဆက်စပ်နေခဲ့ကြတယ်။သူတို့အားလုံးဟာ မတူညီတဲ့ ဘဝ၊ မတူညီတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီမြို့ကို ရောက်လာခဲ့ကြတာပါ။ဒါပေမယ့် မန်ဖစ်ရဲ့ ညဟာ သူတို့အတွက် ဘယ်လို အမှတ်တရတွေ ပေးစွမ်းမလဲဆိုတာကိုဇာတ်ကားလေးကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်သွားကြရအောင်။