Ocean’sရုပ်ရှင်စီးရီးရဲ့ ပင်တိုင်စံမင်းသားကြီး George Clooneyနဲ့မင်းသမီး Michelle Pfeifferတို့ရဲ့ ကိုးဆယ်ကျော်ခုနှစ်ကRom/Com အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျက်ကမြို့တော်ဝင်ရဲ့မကောင်းသတင်းကို ဆောင်းပါးရေးနေတဲ့ နာမည်ကြီးသတင်းထောက်။ ဇနီးဟောင်းဖြစ်သူက သွားစရာရှိလို့ သမီးဖြစ်သူကို လာထားခဲ့တဲ့နေ့ကျမှသူရေးတဲ့ဆောင်းပါးကပြဿနာအကြီးအကျယ်တက်ပါရော။မယ်လယ်နင်းက သားတစ်ယောက်ရှိတဲ့ စင်ဂယ်မားသား ဒီဇိုင်နာတစ်ယောက်။ ရုံးမှာ အရေးကြီးကလိုင်းယန့်နဲ့ တွေ့ရမဲ့အရေး သားဖြစ်သူကိုအပ်ထားရမဲ့လူရှိဖြစ်နေချိန်။ဒီလိုမျိုး ဒုက္ခကိုယ်စီ၊ ကလေးကိုယ်စီနဲ့ သူတို့နှစ်ယောက် စတွေ့ကတည်းကအထေ့အငေါ့တွေနဲ့ အဆင်မပြေကြရာကနေ ကိုယ့်အလုပ်ပြဿနာကိုယ်ရှင်းကြရင်းဘာတွေဖြစ်မလဲဆိုတာ ရှုစားကြပါဦး။