ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရှုရမဲ့တမီလ်စကားပြော ဟာသ-ဒရာမာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းက အကြောင်းအရာတစ်ခုတည်းကို အသားပေးထားတာထက် လူမျိုးစုံ အဖြစ်ပျက်စုံကိုပေါင်းစပ်ထားပြီး နောက်ဆုံးမှာ ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။စစချင်းမှာ အိမ်ကမိန်းမပေးစားမှာကြောက်လို နိုင်ငံခြားပြေးဖိုကြံနေတဲ့ လူပျိုသိုးကြီးဆွန်ဒါရမ်အကြောင်းပါ။အိမ်မှာ သူ့အမေရယ် ညီမတွေရယ်က သူ့ကိုနိုင်ငံခြားပေးမထွက်ဘဲ မိန်းမပေးစားဖို ကြံနေလို အကြံအိုက်နေသူပေါ့။ပြီးတော့ လာဘ်စားတဲ့အစိုးရရှေ့နေရဲ့ချစ်သူအိမ်ကို ၀င်ခိုးဖိုကြံတဲ့ သူခိုးနှစ်ယောက်…သူတိုအိမ်ထဲရောက်နေချိန်မှာ မထင်မှတ်ဘဲဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ပြီးဗီဒီယိုသက်သေရိုက်ယူထားလိုက်မိပါတယ်။ လူသတ်မှုမဖြစ်ခင်က ရှေ့နေယူလာတဲ့ ကုဋေချီတန်တဲ့မြွေကို သူတိုကယူပြေးဖို ကြံနေကြတာပါ။နောက်တစ်ယောက်ကတော့ သူဌေးကြီးဖြစ်ချင်လွန်းလိုကမ္ဘာ့အချမ်းသာဆုံးစာရင်း၀င်တွေကို နေ့တိုင်းပူဇော်ဆုတောင်းနေတဲ့ ဗေဒင်ဆရာပါ…။ဒီလိုနဲ့ လူပျိုသိုးကြီး မိန်းမရသွားမလား၊ သူ့မိသားစုနဲ့ ဘယ်လိုနှစ်ပါးသွားမလဲ ဆိုတာအပြင်၊သူခိုးနှစ်ယောက်နဲ့မြွေရယ်၊ ဗေဒင်ဆရာရယ်… ဘာတွေဆက်ဖြစ်လာမလဲ… ဘာတွေဘယ်လိုဆက်စပ်နေမလဲဆိုတာအရှုပ်တော်ပုံမျိုးစုံကို ရယ်ရယ်မောမော ကြည့်ရှုကြရမှာဖြစ်ပါတယ်။