ဒီတစ်ခါမှာတော့ မလေယာလမ်ရုပ်ရှင်လောကရဲ့ ရှားပါးဇွန်ဘီးဇာတ်ကားလေးနဲ့ ပရိသတ်တို့ကို မိတ်ဆက်ပေးချင်ပါတယ်။Undead ဆိုတာမြင်ထဲက ဇွန်ဘီးတို့ဖုတ်ကောင်တို့ပဲဆိုတာ ရုပ်ရှင်ဂုရုများက တန်းသိမှာပေမဲ့ ဒီဇာတ်ကားလေးမှာ ဇွန်ဘီးအပြင် တခြားမြှုပ်ကွက်လေးတွေလည်းပါဦးမှာပါ။ဇာတ်လမ်းလေးရဲ့အစမှာတော့လီယာတို့ သူငယ်ချင်းတစ်သိုက်လည်း ကျွန်တော်တို့သူငယ်ချင်းတွေလိုပဲခရီးစုထွက်ဖို့ ပြင်ဆင်ကြပြန်ပါတယ်။ သူငယ်ချင်းတွေ ခရီးစုထွက်တာဖြစ်မြောက်ဖို့ဆိုတာကျားမြီးပြေးဆွဲတာထက် ပိုခက်ခဲတဲ့အရာဆိုတာ စီစဉ်ဖူးသူတိုင်း သိထားကြမှာပါ။ လီယာတို့လည်း အတူတူပါပဲ။ရှေ့မှာလည်း ခရီးစဉ်က အကြိမ်ကြိမ်ပျက်ထားပြီးတာကတစ်ကြောင်း အလုပ်လျှောက်တာ အဆင်မပြေတာကတစ်ကြောင်းနဲ့ ဒီတစ်ခါတော့ ဒီခရီးရအောင်ကိုထွက်မယ်ဆိုပြီး မရမကဇွတ်ထွက်လာကြတဲ့သူငယ်ချင်းတစ်စု…လမ်းကြောင်းကလည်း တောလမ်းကိုမှ တမင်ရွေးစီစဉ်ထားကြတဲ့အခါ…သူတို့မသိတာက သူတို့ကိုတောနက်ထဲမှာ အံ့ဩစရာတွေ စောင့်ကြိုနေတယ်ဆိုတာပါပဲ။ကဲ သူတို့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ။ အသက်ရှင်ဖို့ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရှုစားကြပါဦးစို့။