BA:BO - Miracle of Giving Fool HD

BA:BO - Miracle of Giving Fool

Comedy Romance HD 2008-02-28 6.727 99 Min

နယ်မြို့လေး တစ်မြို့မှာ နေထိုင်တဲ့ ဆွန်းယုံး (Cha Tae-hyun) ဟာ ငယ်ရွယ်စဉ် ကလေးဘဝတုန်းကမတော်တဆမှုတစ်ခုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူကိုယ်တိုင်လည်းဦးနှောက်ပိုင်းဆိုင်ရာထိခိုက်ချို့ယွင်းမှုအချို့ ဖြစ်ခဲ့ရတဲ့အတွက် သူဟာ လက်ရှိမှာ အသက်၂၇ နှစ်အရွယ်ဖြစ်ပေမဲ့လည်း၆နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားရသူတစ်ဦးပါဒါ့အပြင် အမေဖြစ်သူကလည်း ထိုမတော်တဆမှုဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာ ဆုံးပါးသွားခဲ့ရရှာပြီးသူ့မှာ မိသားစုဆိုလို့ ညီမ ဖြစ်သူ ဂျီအင်တစ်ယောက်သာ ကျန်ရှိပါတော့တယ်။သို့ပေမဲ့လည်းဆွန်းယုံးဟာ ဘဝကို ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ ညီမဖြစ်သူ တက်ရောက်နေတဲ့ကျောင်းရှေ့လမ်းဘေးတစ်နေရာမှာ ပေါင်မုန့်မီးကင်ဆိုင်လေး ဖွင့်ပြီး ဘဝကိုကြိုးကြိုးစားစားနေထိုင်ဖြတ်သန်းနေသူတစ်ဦးပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဆွန်းယုံးဟာ နိုင်ငံရပ်ခြားကနေ ဇာတိမြို့လေးကိုရုတ်တရက် ပြန်ရောက်လာတဲ့ ငယ်သူငယ်ချင်းဖြစ်သူ စန္ဒရားပညာရှင်ဆော့ဂျီဟို (Ha Ji-won) နဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။ ဆွန်းယုံးဟာ ငယ်စဉ်ကလေးဘဝကတည်းက ဂျီဟို့ကို တိတ်တခိုးချစ်ခဲ့ရပြီးနေ့စဥ်နဲ့အမျှ ဂျီဟို ပြန်အလာကို စောင့်မျှော်နေခဲ့ရသူလေး ဖြစ်တာကြောင့်ငယ်ချစ်ဦးနဲ့ ပြန်လည်ဆုံစည်းလိုက်ရတဲ့အချိန် ဆွန်းယုံးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့တာပေါ့။ဒီလိုကနေ သူငယ်ချင်းနှစ်ဦးဟာ ပိုမို ရင်းနှီးသွားခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက်ဖေးမကူညီရင်းကနေဘဝရဲ့စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်သွားကြမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်…