ဒီ စပိန်ကားပြောဇာတ်ကားဟာ လူ့အသိုင်းအဝိုင်းရဲ့ ရတာမလို လိုတာမရတာတွေ၊ ရုပ်ရှင်ထဲမှာ သုံးသွားတဲ့ စကားလုံးအရဆိုရင် Paradox ဝိရောဓိအယူအဆကို တင်ပြသွားတဲ့ စိတ်ပညာဇာတ်ကားတစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ ယာဉ်တိုက်မှုတစ်ခုအတွင်းမှာ ကိုယ်ဝန်သည်ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ အန်နေး (Mario Casas) ဟာ စိတ်ထောင်းကိုယ်ကြေဖြစ်နေပြီးထောင်ကျခံချင်နေတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ထောင်ကျချင်လွန်းလို့ ပြည်သူပိုင်၊ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ လူတွေကို လိုက်နှောက်ယှက်တယ်၊နောက်ဆုံးထောင်ထဲအထိဖောက်ဝင်ခဲ့ပါတယ်။ ပြစ်မှုတွေကြောင့် ထောင်ကျပြန်တော့လည်း ထောင်သက်ရှည်အောင် ထောင်ဖောက်ပြေးပြန်ပါတယ်။တစ်ချက်တစ်ချက် ထဖောက်တဲ့ ဟာသတွေကလည်းအပန်းပြေစေပါလိမ့်မယ်။ သူ့ရဲ့အမေ၊ ညီမတို့ကတောင် အော့ကြောလန်ရတဲ့၊ လူ့အဖွဲ့အစည်းကို အမျိုးမျိုး နှောက်ယှက်နေတဲ့ အန်နေးတစ်ယောက် ဘယ်လိုအဆုံးသတ်ရမလဲ (သနားရမလား၊စက်ဆုပ်ရွံရှာရမလား) ဆိုတာကိုတော့ ရှုစားကြည့်ကြပါ။အန်နေးအဖြစ် သရုပ်ဆောင်တဲ့ Mario Casas ကို Bird box: Barcelona မှာ မြင်ဖူးပါလိမ့်မယ်။ သူနဲ့အတူ အခြားသရုပ်ဆောင်ကောင်းတွေဖြစ်တဲ့Anna Castilo, Juanjo Puigcorbé, José Garcia စသူတွေလည်းပါဝင်ပါတယ်။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Rodrigo Cortés ဖြစ်ပါတယ်။ဒါရိုက်တာဆု အပါအဝင် ဆု ၂ခု ဆွတ်ခူးထားပြီးဇာတ်ဆောင်၊ ဇာတ်ပို့၊ ရုပ်သံဆုတွေအတွက် Nomination ၇ခု ဝင်ထားပါတယ်။