ဟာသလောကရဲ့နောက်ကွယ်ကဖြစ်ရပ်တွေ၊ ဟာသတွေ ခိုးယူခံရခြင်းတွေနဲ့ပတ်သက်ပြီး အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူရွှင်တော်တွေရဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ဟာသကားတစ်ကားဖြစ်ပါတယ်။လူရွှင်တော် Jake Burman နဲ့ သူ့သူငယ်ချင်းတွေက ပထမဆုံးဖျော်ဖြေရေးပွဲမှာ ပိုက်ဆံမရတာကြောင့် ပိုက်ဆံကို လုယက်ခဲ့ကြတယ်။လုလို့ရလာတဲ့ပိုက်ဆံတွေနဲ့ ခရီးထွက်လာတဲ့လမ်းမှာကောင်မလေးနှစ်ယောက်နဲ့ တွေ့ခဲ့ပြီး ပိုက်ဆံတွေအကုန်လုံး ဓားပြတိုက်ခံလိုက်ရတယ်။သူတို့လုယက်ခဲ့တဲ့ပိုက်ဆံတွေက လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေတွေဖြစ်နေတဲ့အခါမှာ ဂိုဏ်းစတားအဖွဲ့က သူတို့နောက်ကိုလိုက်နေခဲ့တာကြောင့် လုလာတဲ့ပိုက်ဆံတွေကို ပြန်ဆပ်နိုင်ဖို့ ဖျော်ဖြေပွဲတစ်ခုကိုလုယက်ဖို့ စီစဉ်ခဲ့ကြတယ်။သူတို့စီစဉ်ထားသလို အောင်မြင်စွာ လုယက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာပဲကြည့်ရှုလိုက်ရအောင်..