တမီလ်ဘာသာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ တရားရုံးစစ်ဆေးမေးမြန်းမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်စစ်ဆင်မှုတွေကို တွေ့မြင်ရမဲ့ ဇာတ်ကားဖြစ်ပြီးဇာတ်အိမ်နေရာကိုတော့ အမေရိကန်နိုင်ငံမှာ တည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။မစ္စစ်အလိုက်ဆာ ရှာမန်ဆိုတဲ့ အမျိုးသမီးကြီးဟာ ငွေကြေးပိုင်းဆိုင်ရာမှာ ပြည့်စုံပေမဲ့ အမွေဆက်ခံသူမရှိမုဆိုးမတစ်ယောက်အဖြစ်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်သူဖြစ်ပါတယ်။အသက်ကြီးလာတော့ ကျန်းမာရေးချိုယွင်းလာပြီဖြစ်တဲ့ မစ္စစ်အလိုက်ဆာရဲ့အနားမှာ သူ့ငွေတွေကို မက်ပြီးပြုစုချင်ယောင်ဆောင်တဲ့သူတွေလည်း များလိုလာပါတယ်။တစ်နေ့မှာတော့ မစ္စစ်အလိုက်ဆာတစ်ယောက် ညတိုင်းရှူနေတဲ့ အောက်ဆီဂျင်အိုးက အောက်ဆီဂျင်မပွင့်ဘဲဖြစ်သွားပြီး အောက်ဆီဂျင်ပြတ်ကာေ-သဆုံးသွားရပါတော့တယ်။ဒီေ-သဆုံးမှုကို လူသတ်မှုလို အရာရှိများက သတ်မှတ်လိုက်ပြီး ဒီလူသ-တ်မှုအတွက် မစ္စစ်နမ်ရာသာကို သံသယရှိသူအဖြစ်နဲ့ ရုံးတင် စွဲချက်တင်ပါတော့တယ်။မစ္စစ်နမ်ရာသာတစ်ယောက်ကလည်း ဒီလူသ-တ်မှုကို သူသတ်တာမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုရင်း ………မစ္စစ်နမ်ရာသာဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ ရှေ့နေမာယာနဲ့ တရားလိုရှေ့နေတို တရားရုံးမှာ ဘယ်လိုတွေ အားပြိုင်သွားကြမလဲ…….ဂျူရီလူကြီးတွေကို ဘယ်သူက ဘယ်လို ဖျောင်းဖျနိုင်ပြီးတော့ အမှုက ဘယ်လိုပုံစံနဲ့ ပြီးဆုံးသွားမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး။