စာရေးဆရာ Richard Peck ရေးသားတဲ့ Don’t Look and It Won’t Hurt ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်တွေကတော့ Brooke Adams, Ione Skye နဲ့ Fairuza Balk တို့ ပဲ ဖြစ်ပါတယ်။(Shade) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Fairuza Balk ဟာ သူမရဲ့ ထူးချွန်တဲ့သရုပ်ဆောင်မှုအတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (Best Female Lead) မှာ Independent Spirit Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါဟာ သူမရဲ့ အနုပညာသက်တမ်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးဒီရုပ်ရှင်ဟာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ဒီရုပ်ရှင်ဟာနယူးမက္ကဆီကိုက သဲကန္တာရမြို့ငယ်လေးတစ်ခုမှာ ကြီးပြင်းလာတဲ့ဆယ်ကျော်သက် ညီအစ်မနှစ်ယောက်ရဲ့ ဘဝကို ဖော်ကျူးထားတာဖြစ်ပါတယ်။မိခင်နဲ့ သမီးတွေရဲ့ ဆက်ဆံရေး၊ အထီးကျန်မှုနဲ့ အချစ်ကိုရှာဖွေခြင်းအစရှိတဲ့အကြောင်းအရာတွေကို ထိထိမိမိ တင်ဆက်ထားတာကြောင့်လည်း လူသိများပါတယ်။ဇာတ်လမ်းအကျဉ်းနယူးမက္ကဆီကိုပြည်နယ်၊ လယ်ရာမီမြို့ငယ်လေးက စားပွဲထိုးအမျိုးသမီး နိုရာနဲ့သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ဖြစ်တဲ့ ထရူဒီတို့၊ ရှိတ်ဒ်တို့နဲ့ ရုပ်ရှင်ကို အစပြုပေးထားပါတယ်။အမေဖြစ်သူနိုရာဟာ ခင်ပွန်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက်သမီးနှစ်ယောက်ကိုတစ်ကိုယ်တည်းမိခင်ဘဝနဲ့ စားပွဲထိုးလုပ်ကာ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်နေရပါတယ်။အကြီးဆုံးသမီးဖြစ်တဲ့ ထရူဒီကတော့ လှပသော်ငြား ပုန်ကန်လိုစိတ်ရှိကာယောက်ျားတွေနဲ့ပေါ့ပေါ့ပါးပါး တွဲတတ်ပြီး စည်းကမ်းတင်းကျပ်တဲ့ မိခင်လက်က အမြန်ဆုံးလွတ်မြောက်ရာလမ်းကို ရှာဖွေနေပါတယ်။ အငယ်ဆုံးသမီးဖြစ်တဲ့ ရှိတ်ဒ်ကတော့ ပိုပြီးအတွေးနက်ကာအနုပညာဆန်ပြီးစပိန်ရုပ်ရှင်တွေကို နှစ်သက်တဲ့သူပါ။ သူမဟာ မက္ကဆီကန်အချစ်ရုပ်ရှင်တွေကြည့်ပြီးအချစ်စစ်ကို ရှာဖွေနေကာ မိခင်ဖြစ်သူအတွက်လည်း အဖော်တစ်ယောက်ကို ရှာပေးနိုင်ဖို့ ကြိုးစားနေပါတယ်သူတို့အားလုံးမှာ မရှိနေတာကတော့ မိသားစုကို ပြည့်စုံစေမယ့် အိမ်ထောင်ဦးစီးတစ်ဦးနဲ့ သူတို့ကိုမေတ္တာစစ်နဲ့ ချစ်ပေးမယ့် ချစ်သူတစ်ဦးပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ သူတို့တစ်ဦးချင်းစီဟာအချစ်စစ်ကို ရှာတွေ့သွားကြမလားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ရင်းပဲ ရှာဖွေလိုက်ကြရအောင်။