ဘယ်ရီ အိုင်ယာလန်က အလယ်အလတ်တန်းစားလူတစ်ယောက်ဖြစ်ပြီးသူရဲ့ ဝမ်းကွဲ ဖြစ်တဲ့ နိုရာဆိုတဲ့ကောင်မလေးကို ကြိုက်မိပြီးကောင်မလေးက အရာရှိ အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်နဲ့ယူတော့မယ်ဆိုတဲ့ဟာကိုတားဖို့ ကြိုးစားရင်းက ဘယ်ရီ ဘဝ အရွှေ့ပြောင်းတွေကို ၁၇၃၀ ခုနှစ် ဥရောပ စစ်ပွဲနဲ့တော်ဝင်မျိုးနွယ်တွေကြားမှာ ဘယ်ရီတစ်ယောက် လောကဓံတွေထဲကခုန်ရင်းဘဝအနိမ့်အမြင့်အတက်အကျတွေကိုပုံဖော်ထားတာပါ။ဒီဇာတ်လမ်းမှာ ဘယ်ရီက ဘယ်နားတွေမှာ မှားခဲ့သလဲ။သူကတကယ်ပဲ မှားခဲ့တာလားလူအသိုင်းအဝိုင်းကြီးထဲ ဝင်ဆံဖို့ အပေါ်ရောက်ဖို့ကြိုးစားတာက မှားတာလား။စနစ်ကြီးကမှားနေတာလားစစ်ကြီးကမှားနေတာလား အချစ်ကြီးတာက မှားနေတာဆိုတာတွေကိုတော့ကြည့်ရှုသူကပဲ ဆုံးဖြတ်ချက်ပေးရပါလိမ့်မယ်။(ဒီဇာတ်လမ်းမှာရှေးခေတ် အင်္ဂလိပ်အသုံးအနှုန်းတွေ စကားတွေအရမ်းများတာကြောင့်ကြည့်ရှုသူနားလည်လွယ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြန်ပေးထားပါတယ်။)