အီဂန်ဆူ (Kang Ha-Neul) ကတော့ လူတစ်ဦးရဲ့ ချောက်ချမှုကြောင့် အပြစ်မရှိဘဲ ဆေးမှုနဲ့ ထောင်ထဲရောက်နေသူပါ။ဂူဂွမ်ဟီး (Yu Hae-Jin) ကတော့ ရည်မှန်းချက်ကြီးတဲ့ အမှုစစ်ဖြစ်ပြီး ရာထူးတိုးချင်တဲ့ရည်ရွယ်ချက်နဲ့ဆေးသမားတွေကို ကြားက သတင်းပေးမယ်ဆိုရင် ထောင်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ဂန်ဆူကို ကမ်းလှမ်းပါတော့တယ်။ဒီလိုနဲ့ ဂန်ဆူဟာ အမှုစစ်ဂူအတွက် မူးယစ်သတင်းပေးစလုပ်ပေးခဲ့ပြီး အမှုစစ်ဂူလည်း အဲဒီကျေးဇူးကြောင့်ဆေးသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဖမ်းပြီးတော့ ရာထူးလည်း တစ်ဆင့်ထက်တစ်ဆင့် တက်လာခဲ့တာပေါ့။တစ်ဖက်မှာလည်းမူးယစ်ဆေးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံထောက်ဖြစ်တဲ့ အိုဆန်းဂျယ် (Park Hae-Joon) ကအမှုစစ်ဂူကြောင့် သူ့ရဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆက်တိုက် ကျရှုံးနေတာမို့လို့ အမှုစစ်ဂူအပေါ်သိပ်ပြီးအမြင်မကြည်လှသလို ဂန်ဆူနဲ့ အမှုစစ်ဂူတို့ရဲ့ ဆက်ဆံရေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေလေ့ရှိပါတယ်။ဂန်ဆူ ၊ အမှုစစ်ဂူနဲ့ စုံထောက်အိုတို့ သုံးဦးဟာ ကိုယ်စီ အကျိုးစီးပွားတွေအတွက်အပြန်အလှန်ပတ်သက်ဆက်စပ်မိပြုလာတဲ့အခါမှာတော့….တောင်ကိုးရီးယား မူးယစ်စုံစမ်းစစ်ဆေးရေးလောကထဲက အားပြိုင်ပုံ အမျိုးမျိုးအဖုံဖုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ လက်လွတ်မခံဘဲအခုပဲ အပြေးလေးကြည့်လိုက်ကြပါတော့နော်။