Kuberaa HD

Kuberaa

Crime Drama Thriller HD 2025-06-19 8.25 185 Min

HDTCဗားရှင်းဆိုပေမဲ့ စောင့်မျှော်နေကြမဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။တောင်ပိုင်းက ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ ဒနုရှ်နဲ့ နာဂါဂျူနာတို့အပြင် အချောလေးရက်ရှ်မီးကားပါဝင်ထားတဲ့ရုပ်ရှင်ကားကြီး။ရိုးသားဖြောင့်မတ်ပါတယ်ဆိုတဲ့ စီဘီအိုင်အရာရှိ ဒီပက်ခ်၊ ပိုက်ဆံနဲ့အာဏာကပဲ မောင်းနှင်နေတဲ့ လောကကြီးမှာအရာရှိဟောင်းဒီပက်ခ် သူ့စိတ်ဓာတ်ကိုချိုးနှိမ်ပြီး ခရိုနီကြီးတွေဆီမှာ မသမာတဲ့အလုပ်တွေလုပ်ပေးဖို့ဖြစ်လာခဲ့တယ်။ဘင်္ဂလားပင်လယ်အော်ကနေ ကမ္ဘာ့အသန့်စင်ဆုံးဓာတ်ငွေ့တူးဖော်တွေ့ရှိပေမဲ့အာဏာရပါတီနဲ့ ခရိုနီကြီးတွေပေါင်းပြီးပြည်သူတွေကို ဂျင်းထည့်ဖို့လုပ်တဲ့ကြားမှာ ဒီပက်ခ်တစ်ယောက် ဝင်ပါခဲ့ရတာပေါ့။အာဏာရပါတီကဝန်ကြီးတွေ မီဒီယာတွေ အတိုက်အခံပါတီတွေဆီ ကုဋေတစ်သိန်းကိုငွေဖြူတစ်ဝက် ငွေမည်းတစ်ဝက်နဲ့ လာဘ်ထိုးဖို့က ဒီပက်ခ်တာဝန်ဖြစ်လာတော့အမည်လွှဲတွေနဲ့လွှဲဖို့သူတောင်းစားလေးယောက်ကို နာမည်ခံဖို့ခေါ်ခဲ့တယ်။သူတောင်းစားလေးယောက်ထဲကတစ်ယောက်ကတော့ ဒေဗာ။ဒါပေမဲ့ သူတောင်းစားတွေကိုအသုံးချပြီးရင် ရှင်းပစ်ဖို့အတွက် ဒီပက်ခ်ရဲ့အလုပ်ရှင်တွေက ကြံစည်ထားတာကိုသိသွားချိန်မှာတော့…။