Madly HD

Madly

Comedy Romance HD 2025-02-20 7.253 97 Min

Lara နဲ့ Piero ဆိုတဲ့ လူနှစ်ယောက်ရဲ့ ပထမဆုံး ဒိတ်အကြောင်းကို အဓိကထားပြီး သူတို့ရဲ့ စိတ်ထဲက အတွေးတွေ၊ ခံစားချက်တွေကို ပုံဖော်ထားတာပါ။Lara က ၃၅ နှစ်အရွယ်ပရိဘောဂပြုပြင်သူတစ်ယောက်၊ အချစ်ရေးမှာ သိပ်မအောင်မြင်ဖူးတဲ့သူ။ Piero ကတော့ ၅၀ အရွယ် အထက်တန်းကျောင်းဆရာ၊ ကွာရှင်းထားပြီး သမီးလေးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်သူတို့နှစ်ယောက်ဟာ ဘားတစ်ခုမှာ တွေ့ပြီး Lara ရဲ့အိမ်မှာ ညစာစားဖို့ ချိန်းကြတယ်။ ဒါပေမယ့် ဒီဒိတ်ဟာ သာမန်မဟုတ်ဘူး။ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ထဲက “အသံတွေ” ဒါမှမဟုတ်ပင်ကိုယ်စရိုက်တွေကို လူအစစ်တွေလို ပုံဖော်ပြထားတာ။Piero ရဲ့ စိတ်ထဲမှာ ဆင်ခြင်တွေးတောတတ်တဲ့ “ဆရာ”၊ ရိုမန်တစ်ဆန်တဲ့ “Romeo”၊ စိတ်အားထက်သန်တဲ့ “Eros” နဲ့ စိတ်ဓာတ်ကျနေတဲ့“Valium” ဆိုတဲ့ စရိုက်တွေ ရှိတယ်။Lara ဘက်မှာလည်း တင်းကြပ်တဲ့ “Alfa”၊ ဆွဲဆောင်မှုရှိတဲ့ “Trilli”၊ ဆိုးသွမ်းတဲ့ “Scheggia” နဲ့ အိပ်မက်မက်တတ်တဲ့ “Giulietta” ဆိုတဲ့ စရိုက်တွေ ပါဝင်တယ်ဒီစရိုက်တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးဖို့ အခါခါ စကားများလာကြတာ၊ တစ်ခါတလေ ရန်ဖြစ်ကြတာလည်း ပါတယ်။ဒီလိုနဲ့ ဒိတ်တစ်ခုဟာ တကယ်ကို “လူစည်ကားတဲ့”အဖြစ်အပျက်ဖြစ်လာပြီး ရယ်စရာ၊ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ဒါမျိုးကို Pixar ရဲ့ “Inside Out” နဲ့ နှိုင်းယှဉ်လို့ရပေမယ့် ဒီရုပ်ရှင်က အီတလီဟာသပုံစံနဲ့ ပိုပြီး လူကြီးတွေအတွက်ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို ထည့်ထားတာမျိုးပါ။ဟာသချစ်သူတွေအတွက်တော့ ဒီရုပ်ရှင်က ရယ်မောရင်း စိတ်ထဲက အတွေးတွေရဲ့ အရှုပ်အထွေးကို ခံစားလို့ရတဲ့ ကားကောင်းတစ်ကားပါ။