The Heart Knows HD

The Heart Knows

Drama Romance HD 2025-05-30 7.183 89 Min

စပိန်ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေအတွက် ပြီးခဲ့တဲ့မေလကမှ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော အာဂျင်တီးနား ဒရာမာ/ဟာသ/အချစ်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Heart Knows ဆိုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။Juan Manuel ဆိုတဲ့ စိတ်ဓာတ်မာကျောတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ နှလုံးအစားထိုးခွဲစိတ်မှုတစ်ခု ပြုလုပ်ခဲ့ရပါတယ်။ သူရခဲ့တဲ့ နှလုံးကတော့El Progreso က Pedro ဆိုတဲ့သာမန်လူရဲ့နှလုံးဖြစ်နေပါတယ်။ El Progreso ဆိုတဲ့ရပ်ကွက်လေးဟာ အပန်းဖြေစခန်းဆောက်ဖို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပြောင်းပေးရဖို့ဖိအားပေးခံနေရတဲ့နေရာတစ်ခုပါ။Juan အနေနဲ့ နှလုံးအလှူရှင်အကြောင်းစုံစမ်းရင်း မုဆိုးမဖြစ်တဲ့ Valeria နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ…သူတို့ရဲ့ရပ်ကွက်ကိုရောဘယ်လိုကူညီပေးသွားမလဲ…ဒီရုပ်ရှင်ဟာ နှလုံးသား၊ချစ်ခြင်းမေတ္တာနဲ့ လူမှုပတ်ဝန်းကျင်အပေါ်ထားတဲ့ သဘောထားတွေကို ရောစပ်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။စပိန်ရုပ်ရှင်ကြိုက်နှစ်သက်သူတွေဆိုရင်တော့ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။