ဂျိုဆွန်းရဲ့အတော်ဆုံး ဓားဝိဇ္ဇာဖြစ်တဲ့ ဂင်ဟို (Jung Hae-in) ဟာ ကိစ္စတစ်ခုကြောင့်တော်ဝင်ကိုယ်ရံတော်ကနေ အကျဥ်းစောင့်အဖြစ် ရာထူးချခံလိုက်ရပါတယ်။ဒီလိုနဲ့ အကျဥ်းသားတွေကိုစောင့်ကြပ်နေတဲ့ညတစ်ညမှာ အမည်မသိအုပ်စုတစ်စုကအကျဥ်းထောင်ကို မှောင်ခိုဝင်ရောက်လာပြီး တွေ့သမျှလူတွေကို သတ်ဖြတ်ရုံမကပုန်ကန်မှုကြီးရဲ့ ခေါင်းဆောင်အဖြစ် ဖမ်းဆီးခံထားရတဲ့ အီအင်ဂျွာ(Kim Ji-hoon) ကိုပါခေါ်ထုတ်သွားဖို့ ကြိုးပမ်းပါတော့တယ်။အဲဒီအုပ်စုဟာ အောယောင်းချောင်းလို့ခေါ်တဲ့ စစ်သည်တော် ၅ယောက်အဖွဲ့ဖြစ်နေပြီးအီအင်ဂျွာနဲ့အတူ ဘုရင်ကို သုတ်သင်ရှင်းလင်းဖို့ကြံစည်နေတာကို ဂင်ဟိုတစ်ယောက်သိရှိသွားတဲ့အခါမှာတော့..သူပုန်တွေနဲ့ပြည့်နှက်နေတဲ့ နန်းတော်အတွင်းမှာ ဘုရင်ကိုကာကွယ်ဖို့အတွက်သူတစ်ဦးတစ်ယောက်တည်းဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲ.. ပုန်ကန်မှုကရော အထမြောက်သွားမလား…ဂင်ဟိုကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ရာဇဝင်ကားကိုမှအက်ရှင်ခပ်ကြမ်းကြမ်းနဲ့သရုပ်ဖော်ထားတာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။