The Possession of Hannah Grace HD

The Possession of Hannah Grace

Drama Horror HD 2018-11-29 5.603 86 Min

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thrillerအမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်…ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Picturesက ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီးသွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေကရှုစားကြရမှာပါ။ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီးShay Mitchell နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့Grey Damon ၊ Kirby Johnson နဲ့ Stana Katic တို့ကလည်းပါဝင်ထားကြတာ ဖြစ်ပါတယ်။ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆ သန်းနဲ့ ၉ သန်းခွဲကြား အကုန်အကျခံရိုက်ကူးထားတဲ့ဒီရုပ်ရှင်ကားကို နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းက ပြသခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားဟာ Boxoffice မှာတော့ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၅ ဒဿမ ၉ သန်း ရရှိထားပါတယ်။ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ပြကွင်းပြကွက်တွေနဲ့ပြောစကား Dialog တွေဟာအသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Rated R အဆင့် သတ် မှတ်ထားပါတယ်။ဒီကားဟာမထွက်ခင်ကတည်းက လူအများစိတ်ဝင်တစားစောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်…