မော်ဂန် ဆိုတဲ့ ကောင်လေးက ရွယ်တူအပေါင်းအသင်းတွေကြားမှာ အနိုင်ကျင့်ခံရပြီးတော့ လူတောသိပ်မတိုးတဲ့ ရှက်တတ်တဲ့ကောင်လေးတစ်ယောက်ပါ။ပတ်ဝန်းကျင်အသစ်ကိုအိမ်ပြောင်းလာတာကြောင့်လည်း အသားမကျသေးဘဲ သူငယ်ချင်းလည်း ရှာမရသေးပါဘူး။ဒီလိုနဲ့ပဲ မိသားစုရဲ့ တိုက်တွန်းမှုနဲ့အတူ နွေရာသီစခန်းမှာ နွေရာသီကိုဖြတ်သန်းဖို့ ဖြစ်လာပါတော့တယ်။မော်ဂန် လည်း စိတ်မပါ့တပါနဲ့ နွေရာသီစခန်းကိုရောက်လာတဲ့အခါမှာတော့ ဒီစခန်းရဲ့ထူးခြားဆန်းပြားတဲ့ကောလဟာလတွေကို စပြီး သိလာရပါတော့တယ်။ဘယ်လို ထိတ်လန့်စရာတွေကနွေရာသီစခန်းမှာ မော်ဂန်တို့ကလေးတစ်သိုက်ကို စောင့်ကြိုနေသလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။