ဖအေတူ ၊ မအေကွဲ Daylong ညီအစ်ကိုသုံးယောက်ဟာ သူတို့မမွေးခင်ကတည်းက သူတို့ဝိညာဉ်တွေကို နတ်ဆိုးဆီမှာ ရောင်းစားခဲ့တဲ့ အဖေဖြစ်သူကြောင့် ကျိန်စာနဲ့အတူ ယှဉ်တွဲမွေးဖွားလာခဲ့ပါတယ်။အမေရိကန်တောင်ပိုင်း ကျေးလက်ဒေသကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းဟာ အရွယ်ရောက်လာတဲ့ Daylong ညီအစ်ကိုတွေ သူတို့အဖေ သူတို့ဆီက ခိုးယူသွားတဲ့အရာကို ပြန်ယူဖို့နဲ့လက်စားချေဖို့အတွက် အဖေရှာပုံတော်ခရီးဖွင့်တဲ့ Musical Horror ရုပ်ရှင်ဇာတ်လမ်းပါ။သူတို့ရဲ့ ခရီးလမ်းတစ်လျှောက်မှာ အသက်ဘေးအန္တရာယ်တွေအပြင် အပြစ်ရှိစိတ်တွေ ၊ ဒေါသတွေနဲ့လုံးထွေးသတ်ပုတ်ခဲ့ရပြီး သူတို့ရဲ့ ဝိညာဉ်တွေက တန်ဖိုးရှိရဲ့လားလို့လည်း သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် မေးခွန်းပြန်ထုတ်ခဲ့ရပါတယ်။ Cast တွေအနေနဲ့ Daylong ညီအစ်ကိုသုံးယောက်အဖြစ် BrendanAndolsek Bradley , Jordon Bolden , Nican Robinson တို့အပြင် The substance ဇာတ်ကားနဲ့ နာမည်ကြီးထားတဲ့ မင်းသမီး Margaret Qualley ရဲ့ ညီမ Rainey Qualley တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ကိုယ်က အမေရိကန်တောင်ပိုင်း ဓလေ့ထုံးစံတွေ ရောနှောထားတဲ့ Musical Storytelling ဆန်ဆန် သဘာဝလွန် Horror ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီရုပ်ရှင်က ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုပါပဲ။